ခရီးမသွားမီ မိမိ၏အစေခံဆယ်ဦးကို ခေါ်၍ ငွေတစ်ပိဿာစီ ပေးပြီးလျှင် ‘ငါပြန်လာသည်အထိ စီးပွားရှာလျက် နေကြလော့’ ဟု မှာထားလေ၏။
လုကာ 19:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာအားဖြင့် အမြတ်ငွေဆယ်ပိဿာရပါ၏’ ဟု လျှောက်လေ၏။ Common Language Bible ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။- Garrad Bible ပ ဌ မ လူ သည် ရောက် လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ဆယ် ပြား ရ ပါ သည် ဟု လျှောက် သော်၊ Judson Bible ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။ မြန်မာ ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- |
ခရီးမသွားမီ မိမိ၏အစေခံဆယ်ဦးကို ခေါ်၍ ငွေတစ်ပိဿာစီ ပေးပြီးလျှင် ‘ငါပြန်လာသည်အထိ စီးပွားရှာလျက် နေကြလော့’ ဟု မှာထားလေ၏။
ထို့နောက် ထိုမင်းသားသည် မိမိတိုင်းပြည်အုပ်ချုပ်ခွင့်ကို ရယူပြီး ပြန်လာသောအခါ ငွေလက်ခံရရှိထားသောအစေခံများသည် စီးပွားပြုခြင်းမှ အမြတ်အစွန်းမည်မျှရသည်ကို သိလိုသဖြင့် သူတို့အား ဆင့်ခေါ်ရန် မိန့်လေ၏။
သူက ‘ကောင်းပေ၏။ သင်သည်အစေခံကောင်းဖြစ်၏။ အမှုကိစ္စငယ်လေးတွင်ပင် သင်သည် သစ္စာရှိသောကြောင့် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။