လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
လုကာ 18:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက နောင်ဘဝတွင်လည်း ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ဤဘဝ၌အဆပေါင်းများစွာသောအကျိုး ခံစားရသည်သာမက နောင်ဘဝ၌လည်း ထာဝရအသက်ကိုရလိမ့်မည်'' ဟုမိန့်တော် မူ၏။ Judson Bible ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယခုဘဝ၌ အဆပေါင်းများစွာသောအကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း မရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိ”ဟု မိန့်တော်မူ၏။ မြန်မာ ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့ဟု မိန့်တော်မူ၏။ |
လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
ကိုယ်ကာယလေ့ကျင့်ခန်းသည် အနည်းငယ်သာ အကျိုးရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းခြင်းမှာမူ အရာရာ၌ အကျိုးရှိ၏။ သင်တို့သည် ယခုဘဝ၊ နောင်ဘဝတွင် ဘုရားသခင်ကတိပြုတော်မူသော အကျိုးကို ရရှိမည်။
သို့သော် ရောင့်ရဲစိတ်ဖြင့် ဘုရားတရားကိုင်းရှိုင်းခြင်းသည် ကြီးမားသောအကျိုးစီးပွားပင် ဖြစ်၏။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကိုပေးမည်။ ဖြူသောကျောက်တစ်လုံးကိုလည်းပေးမည်။ ထိုကျောက်ပေါ်တွင် နာမည်အသစ်ကို ရေးထွင်းထားပြီး ထိုကျောက်ကို လက်ခံသည့်သူမှလွဲ၍ မည်သူမျှ ထိုနာမည်သစ်ကို မသိရ။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။