တောင်းသောသူတို့သည် ရကြ၏။ ရှာသောသူတို့သည် တွေ့ကြ၏။ ခေါက်သောသူတို့အတွက်လည်း တံခါးကိုဖွင့်ပေး၏။
လုကာ 18:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တပည့်တော်တို့အား အားမလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်းကို ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူ၏။ Common Language Bible ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။- Garrad Bible တ ပည့် တော် တို့ သည် အ ခါ ခပ် သိမ်း စိတ် အား မ လျော့ ပဲ ပ ဋ္ဌ နာ ပြု သင့် ကြောင်း ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊ Judson Bible လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ မြန်မာ လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊- |
တောင်းသောသူတို့သည် ရကြ၏။ ရှာသောသူတို့သည် တွေ့ကြ၏။ ခေါက်သောသူတို့အတွက်လည်း တံခါးကိုဖွင့်ပေး၏။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ၌ သည်းခံ၍ မပျက်မကွက်ဆုတောင်းကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရသည်နှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြပေ။
စိတ်မပျက် အားမလျော့ဘဲ ကောင်းသောအမှုကို ဆက်၍ ပြုကြစို့။ စိတ်မပျက်လျှင် အချိန်တန်သောအခါ အသီးအပွင့်ကို ရိတ်သိမ်းရလိမ့်မည်။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
ယေရှုခရစ်တော်၏ အစေအပါးဖြစ်၍ သင်တို့ထဲက တစ်ဦးဖြစ်သည့် ဧပဖြသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် ရင့်ကျက်သောသူများအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်အားလုံးကို လိုက်နာကြောင်း စိတ်ချမှုအပြည့် ရှိနိုင်ရန် သူသည်သင်တို့အတွက် အစဉ် စိတ်အားထက်သန်စွာ ဆုတောင်းပေးနေ၏။