သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
လုကာ 15:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခွန်ကောက်သူများနှင့် အပြစ်သားများသည် ယေရှု၏သွန်သင်ချက်ကို နားထောင်ရန် ယေရှုအနီးသို့ ချဉ်းကပ်လာကြ၏။ Common Language Bible အခွန်ခံသူများနှင့်အပယ်ခံသူအပေါင်း တို့သည် ကိုယ်တော်၏တရားတော်ကိုကြားနာ ရန်အထံတော်သို့ချဉ်းကပ်ကြ၏။- Garrad Bible အ ခွန် ကောက် နှင့် အ ပြစ် သား ရှိ သ မျှ သည် ကြား နာ ခြင်း ငှာ ကိုယ် တော့် ထံ ချဉ်း ကြ ရာ၊ Judson Bible အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း အခွန်ကောက်ခံသူတို့နှင့် အပြစ်သားအပေါင်းတို့သည် ကိုယ်တော်၏တရားတော်ကိုနားထောင်ရန် အထံတော်သို့ချဉ်းကပ်လာကြ၏။ မြန်မာ အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊- |
သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
ထိုအခါ ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူများသည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
အခွန်ကောက်သူများမှစ၍ လူအပေါင်းတို့သည် ဤတရားစကားကို ကြားသောအခါ ဘုရားသခင်၏ တရားတော်သည် မှန်ကန်ကြောင်း ဝန်ခံကြ၏။ ထိုသူတို့သည် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သူများဖြစ်ကြ၏။
လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။
“ယေရှုခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာသည်” ဟူသော စကားသည် လုံးဝမှန်ကန်ပြီး အပြည့်အဝလက်ခံထိုက်၏။ ထိုအပြစ်သားများအနက် ကျွန်ုပ်သည် အဆိုးဆုံးဖြစ်၏။