သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
လုကာ 14:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက မိမိအားဖိတ်ခေါ်သူဘက်သို့ လှည့်၍ “သင်သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲပြုလုပ်သောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်ခေါ်နှင့်။ သူတို့သည်လည်း သင့်အား ပြန်လည်ဖိတ်ခေါ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။ Common Language Bible ထိုနောက်ကိုယ်တော်ကအိမ်ရှင်အား ``သင်သည် နံနက်စာသော်လည်းကောင်း၊ ညစာသော်လည်း ကောင်းကျွေးမွေးဧည့်ခံမည်ပြုသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာကြွယ်ဝသောအိမ်နီးချင်းများ အားမဖိတ်မခေါ်နှင့်။ ဖိတ်ခေါ်ခဲ့ပါမူသူ တို့သည်သင့်အားပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။- Garrad Bible ပင့် ခေါ် သူ့ အား လည်း ကိုယ် တော် က သင် သည် နံ နက် ဖြစ် စေ၊ ညဉ့် ဖြစ် စေ၊ စား သောက် ပွဲ ကျင်း ပ သည့် ကာ လ ကိုယ့် အ ဆွေ ခင် ပွန်း ညီ အစ် ကို အ မျိုး သား ချင်း တို့ နှင့် ကြွယ် ဝ သူ အိမ် နီး ချင်း တို့ ကို မ ဖိတ် နှင့်။ ဖိတ် လျှင် ထို သူ တို့ သည် သင့် ကို တုံ့ ပြန် ဖိတ် ခေါ် လျက် ကျေး ဇူး ဆပ် ကောင်း ဆပ် ကြ လိမ့် မည်။ Judson Bible ကိုယ်တော်ကို ခေါ်ပင့်သောသူအား တစ်ဖန် မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တစ်ဖန် သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် မိမိကိုဖိတ်ခေါ်ထားသောသူအား“သင်သည် ဧည့်ခံပွဲ၊ သို့မဟုတ် ညစာစားပွဲကိုကျင်းပသောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်နှင့်။ ထိုသို့ဖိတ်လျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။ မြန်မာ ကိုယ်တော်ကို ခေါ်ပင့်သောသူအား တစ်ဖန် မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တစ်ဖန် သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။- |
သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
ဆာလောင်မွတ်သိပ်သောသူတို့ကို ကောင်းမွန်စွာကျွေးမွေး၍ ချမ်းသာကြွယ်ဝသောသူတို့ကို လက်ဗလာဖြင့် ပြန်လွှတ်တော်မူ၏။
ထာဝရဘုရားသည် ကြီးမားသောကရုဏာတော်ကို ဧလိရှဗက်အပေါ် ပြသတော်မူကြောင်းကို အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ကြားကြသောအခါ သူနှင့်အတူ ဝမ်းမြောက်ကြ၏။
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် သင်သည် ပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ ခြေမသန်သူများနှင့် မျက်စိမမြင်သူများကို ဖိတ်ခေါ်လော့။
သို့ဖြစ်၍ ပြန်လည်တုံ့ပြန်သောအနေဖြင့် “ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကိုလည်း ကြီးမားစေကြလော့” ဟု မိမိသားသမီးများကို ပြောသကဲ့သို့ ကျွန်ုပ်ပြောလို၏။