Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 14:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သို့သော် သင်​သည် ပွဲ​ကျင်းပ​သောအခါ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ ခြေမသန်သူများ​နှင့် မျက်စိ​မမြင်သူများ​ကို ဖိတ်ခေါ်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ဖြစ်​၍​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​ကို​ကျင်း​ပ သော​အ​ခါ​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ဖိတ်​ခေါ် လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 စား သောက် ပွဲ ကျင်း ပ သော အ ခါ ဆင်း ရဲ သူ၊ အင်္ဂါ ပျက် သူ၊ ခြေ ဆွံ့ သူ၊ မျက် မ မြင် သူ တို့ ကို ခေါ် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သို့သော် ဧည့်ခံပွဲ​ကျင်းပ​သောအခါ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဖိတ်ခေါ်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

13 သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 14:13
34 ပူးပေါင်းရင်းမြစ်များ  

လူထုကြီး​သည် ကိုယ်တော်​ထံသို့​လာ​၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါ​ချို့တဲ့သူများ၊ ဆွံ့အသူများ​နှင့် အခြား​မကျန်းမာသူ​များစွာ​ကို ခေါ်ဆောင်လာ​ကာ ခြေတော်ရင်း​တွင် ထားကြ၏။ ယေရှု​သည်လည်း သူတို့​အား ကျန်းမာစေတော်မူ၏။


ထို​အစေအပါးတို့​သည် လမ်းများ​သို့​သွား​၍ တွေ့သမျှ​လူဆိုး၊ လူကောင်းတို့​ကို ခေါ်လာကြ၏။ ထိုအခါ မင်္ဂလာခန်းမ​သည်လည်း ဧည့်သည်များ​နှင့် ပြည့်လေ၏။


ထို့ကြောင့် အတွင်း​၌ ရှိသော​အရာများ​ကို ဆင်းရဲနွမ်းပါးသူ​အား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံး​သည် သင်တို့​အတွက် စင်ကြယ်​လိမ့်မည်။


ထို့နောက် ယေရှု​က မိမိ​အား​ဖိတ်ခေါ်သူ​ဘက်သို့ လှည့်​၍ “သင်​သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲ​ပြုလုပ်​သောအခါ သင်​၏​မိတ်ဆွေများ၊ ညီအစ်ကို​မောင်နှမများ၊ ဆွေမျိုးများ​နှင့် ချမ်းသာသော​အိမ်နီးချင်းများ​ကို မဖိတ်ခေါ်နှင့်။ သူတို့​သည်လည်း သင့်​အား ပြန်လည်​ဖိတ်ခေါ်​၍ ကျေးဇူးတုံ့ပြန်ကြ​လိမ့်မည်။


ထိုသို့ ကျေးဇူး​မတုံ့ပြန်နိုင် သူများ​ကို ဖိတ်ခေါ်သည့်​အတွက် သင်​သည် မင်္ဂလာရှိ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သော​သူများ ထမြောက်မည့်​ကာလ​၌ ဘုရားသခင်​သည် သင့်​အား ကျေးဇူးတုံ့ပြန်​လိမ့်မည်” ဟု မိန့်တော်မူ၏။


အစေအပါး​သည်လည်း ပြန်လာ​၍ ထို​အကြောင်းအရာများ​ကို သခင်​ဖြစ်သူ​ထံ တင်ပြလေ၏။ ထိုအခါ သခင်​သည် အမျက်ထွက်​၍ ထို​အစေအပါး​အား ‘မြို့ထဲ​လမ်းမ၊ လမ်းသွယ်၊ လမ်းကြား​သို့ ချက်ချင်း​သွား​၍ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်စိမမြင်သူများ​နှင့် ခြေမသန်သူများ​ကို ခေါ်လော့’ ဟု စေခိုင်းပြန်၏။


ထို့ကြောင့် ပေတရု​သည် သူတို့​နှင့် လိုက်သွားလေ၏။ အိမ်​သို့​ရောက်​သောအခါ သူတို့​က အပေါ်ထပ်​အခန်း​သို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့​သည် ပေတရု​အနား​တွင် ရပ်​ကာ​ငိုကြွေး​လျက် သူတို့​နှင့်အတူ​ရှိစဉ်​က တဗိသ​ချုပ်ပေးခဲ့သော အင်္ကျီ​နှင့်​အဝတ်အစားများ​ကို ပြကြလေ၏။


သင်းအုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ၊ မယား​တစ်ယောက်တည်း​ရှိသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။


သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။


သူ​သည် ဧည့်ဝတ်ကျေသူ၊ ကောင်းမှု​ကို မြတ်နိုးသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ဣန္ဒြေစောင့်သူ ဖြစ်ရမည်။


ကျွန်ုပ်​၏​ညီ… သင်​သည် ယုံကြည်သူ​အပေါင်းတို့​၏ စိတ်​ကို လန်းဆန်းစေသည်​ဖြစ်​၍ သင်​၏ ချစ်ခြင်းမေတ္တာ​သည် ကျွန်ုပ်​အား အလွန်​ဝမ်းမြောက်စေ​လျက် စိတ်ခွန်အား​ဖြစ်စေ၏။


သူစိမ်းတို့​အား ဧည့်ဝတ်​ပြု​ရန် မမေ့လျော့နှင့်။ ထိုသို့​ပြုသော​သူ တချို့​သည် မသိမှတ်ဘဲ ကောင်းကင်တမန်များ​ကိုပင် ဧည့်ခံခဲ့ကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ