Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 14:12 - မြန်မာ

12 ကိုယ်​တော်​ကို ခေါ်​ပင့်​သော​သူ​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​သည် နံ​နက်​စာ၊ ည​စာ လုပ်​ကျွေး​သော​အ​ခါ၊ အ​ဆွေ​ခင်​ပွန်း၊ ညီ​အစ်​ကို​အ​မျိုး​သား​ချင်း၊ ငွေ​ရ​တတ်​သော အိမ်​နီး​ချင်း​များ​ကို မ​ခေါ်​မ​ဖိတ်​နှင့်။ ထို​သို့ ခေါ်​ဖိတ်​လျှင်၊ သူ​တို့​သည် နောက်​တစ်​ဖန် သင့်​ကို​ခေါ်​ဖိတ်၍ ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထို​နောက်​ကိုယ်​တော်​က​အိမ်​ရှင်​အား ``သင်​သည် နံ​နက်​စာ​သော်​လည်း​ကောင်း၊ ည​စာ​သော်​လည်း ကောင်း​ကျွေး​မွေး​ဧည့်​ခံ​မည်​ပြု​သော​အ​ခါ မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ၊ ချမ်း​သာ​ကြွယ်​ဝ​သော​အိမ်​နီး​ချင်း​များ အား​မ​ဖိတ်​မ​ခေါ်​နှင့်။ ဖိတ်​ခေါ်​ခဲ့​ပါ​မူ​သူ တို့​သည်​သင့်​အား​ပြန်​ဖိတ်​ခေါ်​ပြီး​လျှင် ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ပင့် ခေါ် သူ့ အား လည်း ကိုယ် တော် က သင် သည် နံ နက် ဖြစ် စေ၊ ညဉ့် ဖြစ် စေ၊ စား သောက် ပွဲ ကျင်း ပ သည့် ကာ လ ကိုယ့် အ ဆွေ ခင် ပွန်း ညီ အစ် ကို အ မျိုး သား ချင်း တို့ နှင့် ကြွယ် ဝ သူ အိမ် နီး ချင်း တို့ ကို မ ဖိတ် နှင့်။ ဖိတ် လျှင် ထို သူ တို့ သည် သင့် ကို တုံ့ ပြန် ဖိတ် ခေါ် လျက် ကျေး ဇူး ဆပ် ကောင်း ဆပ် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ကိုယ်​တော်​ကို ခေါ်​ပင့်​သော​သူ​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​သည် နံ​နက်​စာ၊ ည​စာ လုပ်​ကျွေး​သော​အ​ခါ၊ အ​ဆွေ​ခင်​ပွန်း၊ ညီ​အစ်​ကို​အ​မျိုး​သား​ချင်း၊ ငွေ​ရ​တတ်​သော အိမ်​နီး​ချင်း​များ​ကို မ​ခေါ်​မ​ဖိတ်​နှင့်။ ထို​သို့ ခေါ်​ဖိတ်​လျှင်၊ သူ​တို့​သည် နောက်​တစ်​ဖန် သင့်​ကို​ခေါ်​ဖိတ်၍ ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို့နောက် ကိုယ်တော်​သည် မိမိ​ကို​ဖိတ်ခေါ်​ထား​သော​သူ​အား“သင်​သည် ဧည့်ခံပွဲ​၊ သို့မဟုတ် ညစာ​စားပွဲ​ကို​ကျင်းပ​သောအခါ သင်​၏​မိတ်ဆွေ​များ၊ ညီအစ်ကို​များ၊ ဆွေမျိုး​များ​နှင့် ချမ်းသာ​သော​အိမ်နီးချင်း​များ​ကို မ​ဖိတ်​နှင့်။ ထိုသို့​ဖိတ်​လျှင် သူ​တို့​သည်​လည်း သင့်​ကို​ပြန်​ဖိတ်​၍ ကျေးဇူး​တုံ့ပြန်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ထို့နောက် ယေရှု​က မိမိ​အား​ဖိတ်ခေါ်သူ​ဘက်သို့ လှည့်​၍ “သင်​သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲ​ပြုလုပ်​သောအခါ သင်​၏​မိတ်ဆွေများ၊ ညီအစ်ကို​မောင်နှမများ၊ ဆွေမျိုးများ​နှင့် ချမ်းသာသော​အိမ်နီးချင်းများ​ကို မဖိတ်ခေါ်နှင့်။ သူတို့​သည်လည်း သင့်​အား ပြန်လည်​ဖိတ်ခေါ်​၍ ကျေးဇူးတုံ့ပြန်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 14:12
13 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-


ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။-


ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​သ​နား​ခြင်း ကျေး​ဇူး​တော်​ကို ဧ​လိ​ရှ​ဗက်​အား ပြု​တော်​မူ​သည်​ကို၊ အိမ်​နီး​ချင်း အ​ဆွေ​အ​မျိုး​တို့​သည် ကြား​လတ်​သော်၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။-


ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​သော​သူ မည်​သည်​ကား ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ