ထို့ကြောင့် ခြံစောင့်လုပ်သားအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှ အသီးကို လာ၍ ရှာသော်လည်း အသီးတစ်လုံးမျှမသီး။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ ဟု ဆို၏။
လုကာ 13:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခြံစောင့်လုပ်သားက ‘ဆရာ… ဤအပင်ကို ယခုတစ်နှစ်တော့ရှိစေပါ။ ကျွန်ုပ်သည် အပင်ပတ်လည်ကို တူးဆွကာ မြေသြဇာထည့်၍ ပြုစုပါမည်။ Common Language Bible ဥယျာဉ်မှူးက `ထိုအပင်ကိုဤနှစ်တစ်နှစ် ထားပါဦး။ အပင်ရင်းပတ်လည်ကိုအကျွန်ုပ် တူးဆွ၍မြေသြဇာထည့်ပါဦးမည်။- Garrad Bible ဥ ယျာဉ် စောင့် က အ ရှင်၊ ယ ခု နှစ် ရှိ ပါ စေ ဦး။ အ ပင် ပတ် လည် တူး ဆွ လျက် မြေ သြ ဇာ လောင်း ပါ မည်။ Judson Bible အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဥယျာဉ်မှူးက ‘သခင်၊ ဤအပင်ကို ယခုနှစ်လည်းထားပါဦး။ အပင်ပတ်လည်ကို အကျွန်ုပ်တူးဆွ၍ မြေသြဇာထည့်ပါဦးမည်။ မြန်မာ အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။- |
ထို့ကြောင့် ခြံစောင့်လုပ်သားအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှ အသီးကို လာ၍ ရှာသော်လည်း အသီးတစ်လုံးမျှမသီး။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ ဟု ဆို၏။
ဤသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးပါလိမ့်မည်။ အကယ်၍ အသီးမသီးလျှင်ခုတ်ပစ်ပါ’ ဟု တောင်းဆိုလေသည်” ဟု မိန့်တော်မူ၏။
အရသာမဲ့သော ဆားသည် မြေဆီသြဇာအတွက်ဖြစ်စေ၊ အမှိုက်ပုံအတွက်ပင်ဖြစ်စေ မည်သို့မျှ အသုံးမဝင်ဘဲ အပြင်သို့ လွှင့်ပစ်လိုက်ရ၏။ နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်၏ ပြင်းပြသော စိတ်ဆန္ဒနှင့် ဘုရားသခင်ထံ တောင်းသော ဆုမှာ အစ္စရေးလူမျိုးများ ကယ်တင်ခံရရန် ဖြစ်၏။
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။