သူသည် စာရင်းရှင်းတမ်းပြုစဉ်တွင် ငွေကြေးသန်းပေါင်းများစွာ ကြွေးတင်သူတစ်ဦးကို သူ့ထံ ခေါ်လာကြ၏။
လုကာ 13:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ရှိလောင်မျှော်စင်လဲပြိုသောကြောင့် ပိ၍ သေဆုံးသောလူဆယ့်ရှစ်ဦးသည် ဂျေရုဆလင်မြို့ရှိ အခြားလူများထက် ပို၍ အပြစ်ကြီးသည်ဟု ထင်ကြသလော။ Common Language Bible ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိ၍သေသူ လူတစ်ဆယ့်ရှစ်ယောက်တို့သည် အခြားယေရု ရှလင်မြို့သူမြို့သားများထက်ပို၍အပြစ် ကူးသူများဖြစ်သည်ဟု သင်တို့ထင်မှတ် ကြသလော။- Garrad Bible ရှိ လောင် မြို့ ပြ အိုး လဲ၍ ပိ သေ သူ တစ် ဆယ့် ရှစ် ယောက် လည်း ယေ ရု ရှ လင် မြို့ နေ လူ ခပ် သိမ်း ထက် အ ပြစ် မြီ စား ကြီး သည် ထင် မှတ် ကြ သ လော။ Judson Bible ထိုမှတစ်ပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တစ်ကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိမိ၍သေဆုံးသောသူတစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင် နေထိုင်ကြသောအခြားသူအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။ မြန်မာ ထိုမှတစ်ပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တစ်ကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။- |
သူသည် စာရင်းရှင်းတမ်းပြုစဉ်တွင် ငွေကြေးသန်းပေါင်းများစွာ ကြွေးတင်သူတစ်ဦးကို သူ့ထံ ခေါ်လာကြ၏။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ဖြားယောင်းသွေးဆောင်ရာသို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။
ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့သည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။
ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူ ပျက်စီးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသူက “ယေရှု ဆိုသူသည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကို လိမ်းပြီးလျှင် ‘ရှိလောင်ရေကန်သို့ သွား၍ ဆေးကြောလော့’ ဟု ဆို၏။ ထို့ကြောင့် ကျွန်ုပ်သွား၍ ဆေးကြောသောအခါ မျက်စိမြင်လာပါသည်” ဟု ဖြေလေ၏။
မျက်မမြင်ကိုလည်း “ရှိလောင်ရေကန်သို့ သွား၍ ဆေးကြောလော့” ဟု မိန့်တော်မူ၏။ ရှိလောင်၏ အဓိပ္ပာယ်မှာ “စေလွှတ်သည်” ဟု ဆိုလို၏။ ထိုသူသည် သွား၍ ဆေးကြောပြီးသောအခါ မျက်စိမြင်သဖြင့် အိမ်သို့ ပြန်လေ၏။
ကျွန်းသူကျွန်းသားများက ပေါလု၏လက်တွင် တွယ်ကပ်လျက်နေသောမြွေကို မြင်သောအခါ “ဤလူသည် လူသတ်သမားဖြစ်မည်။ သူသည်ပင်လယ်ဘေးမှ လွတ်လာသော်လည်း တရားမျှတသောနတ်ဘုရားမသည် သူ့ကိုအသက်ရှင်ခွင့်ပေးမည်မဟုတ်” ဟု အချင်းချင်းပြောဆိုကြ၏။