Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 13:4 - မြန်မာ

4 ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​၍​သေ​သူ လူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် အ​ခြား​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​ထက်​ပို​၍​အ​ပြစ် ကူး​သူ​များ​ဖြစ်​သည်​ဟု သင်​တို့​ထင်​မှတ် ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ရှိ လောင် မြို့ ပြ အိုး လဲ၍ ပိ သေ သူ တစ် ဆယ့် ရှစ် ယောက် လည်း ယေ ရု ရှ လင် မြို့ နေ လူ ခပ် သိမ်း ထက် အ ပြစ် မြီ စား ကြီး သည် ထင် မှတ် ကြ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို့ပြင် ရှိလောင်​မျှော်စင်​ပြိုကျ​သဖြင့် ပိ​မိ​၍​သေဆုံး​သော​သူ​တစ်ဆယ့်ရှစ်​ယောက်​တို့​သည် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​သော​အခြား​သူ​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို့ပြင် ရှိလောင်​မျှော်စင်​လဲပြို​သောကြောင့် ပိ​၍ သေဆုံးသော​လူ​ဆယ့်ရှစ်ဦး​သည် ဂျေရုဆလင်မြို့​ရှိ အခြား​လူများ​ထက် ပို၍ အပြစ်​ကြီးသည်​ဟု ထင်ကြသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 13:4
13 ပူးပေါင်းရင်းမြစ်များ  

စာ​ရင်း​ယူ​စဉ်​တွင်၊ ငွေ​အ​ခွက်​တစ်​သိန်း​ကြွေး​တင်​သော​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ဆောင်​ခဲ့​ကြ၏။-


သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-


အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​သူ​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​သည်​လွှတ်​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။ အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။


သာ၍ အ​ပြစ်​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။-


သာ၍​အ​ပြစ်​ရှိ​သည် မ​ဟုတ်။ သင်​တို့ ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။


ထို​သူ​က၊ ယေ​ရှု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ရွှံ့​လုပ်၍ ကျွန်ုပ်​မျက်​စိ​ကို​လူး​ပြီး​မှ၊ ရှိ​လောင်​ရေ​ကန်​သို့​သွား၍ မျက်​စိ​ကို​ဆေး​လော့​ဟု ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​သွား၍​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။-


သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ