ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
လုကာ 13:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ထိုမြေခွေးကို သွား၍ ပြောလော့။ ‘ငါသည် ယနေ့နှင့် မနက်ဖြန် နတ်ဆိုးများကို နှင်ထုတ်၍ လူနာများကို ကျန်းမာစေလျက်ရှိမည်။ သုံးရက်မြောက်နေ့တွင် ငါ၏အမှုကို ပြီးစီးစေမည်။ Common Language Bible ကိုယ်တော်က ``ငါသည်ယနေ့နှင့်နက်ဖြန်နေ့တို့၌ နတ်မိစ္ဆာများကိုနှင်ထုတ်၍ အနာရောဂါများကို ပျောက်ကင်းစေမည်။ တတိယနေ့တွင်မူငါ၏ အလုပ်ကိုအဆုံးသတ်မည်ဖြစ်ကြောင်းကိုထို မြေခွေးကိုပြောကြလော့။- Garrad Bible ကိုယ် တော် က ငါ သည် ယ နေ့ နှင့် နက် ဖြန် နတ် များ ကို နှင် ထုတ်၍ သူ နာ များ ကို ကျန်း မာ စေ ပြီး လျှင် တ တိ ယ နေ့ တွင် စုံ လင် ခြင်း သို့ ရောက် မည် ဟု ထို မြေ ခွေး အား သွား၍ ပြော ကြ လော့။ Judson Bible ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သွား၍ ထိုမြေခွေးကိုပြောကြလော့။ ငါသည် ယနေ့နှင့်မနက်ဖြန် နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါများကိုငြိမ်းစေပြီး သုံးရက်မြောက်သောနေ့၌ အမှုကိုပြီးမြောက်စေမည်။ မြန်မာ ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။- |
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
ယေရှုက “ခမည်းတော်၏ ညွှန်ကြားချက်နှင့်အညီ ကောင်းသောအမှုများကို ငါပြခဲ့၏။ ထိုအမှုများထဲမှ မည်သည့်အမှုကြောင့် ငါ့ကို ခဲနှင့် ပေါက်သတ်ကြမည်နည်း” ဟု မေးတော်မူ၏။
ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားသမီးများစွာကို ဘုန်းစည်းစိမ်ခံစားရာသို့ ခေါ်ဆောင်လိုသောကြောင့် ထိုသူတို့ကို ကယ်တင်ရန် ယေရှုအား ဆင်းရဲဒုက္ခခံစားစေခြင်းအားဖြင့် ပြီးပြည့်စုံသောကယ်တင်ရှင်ဖြစ်စေသည်မှာ သင့်လျော်ပေ၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
ပညတ်တရားအရ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်မင်းသည် လူသားဖြစ်၍အားနည်းချက်ရှိ၏။ သို့သော် ပညတ်တရားနောက်၌ လာသည့်သစ္စာပြုခြင်းအားဖြင့် ခန့်အပ်ထားသော သားတော်မှာမူ ထာဝရပြီးပြည့်စုံတော်မူ၏။