Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 13:32 - Common Language Bible

32 ကိုယ်​တော်​က ``ငါ​သည်​ယ​နေ့​နှင့်​နက်​ဖြန်​နေ့​တို့​၌ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​မည်။ တ​တိ​ယ​နေ့​တွင်​မူ​ငါ​၏ အ​လုပ်​ကို​အ​ဆုံး​သတ်​မည်​ဖြစ်​ကြောင်း​ကို​ထို မြေ​ခွေး​ကို​ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ကိုယ် တော် က ငါ သည် ယ နေ့ နှင့် နက် ဖြန် နတ် များ ကို နှင် ထုတ်၍ သူ နာ များ ကို ကျန်း မာ စေ ပြီး လျှင် တ တိ ယ နေ့ တွင် စုံ လင် ခြင်း သို့ ရောက် မည် ဟု ထို မြေ ခွေး အား သွား၍ ပြော ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ယ​ခု​နေ့​နှင့် နက်​ဖြန်​နေ့၌ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၏။ သုံး​ရက်​မြောက်​သော​နေ့၌ စုံ​လင်​ခြင်း​သို့ ရောက်​မည်​အ​ရာ​ကို ထို​မြေ​ခွေး​အား ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ကိုယ်တော်​က​လည်း“သွား​၍ ထို​မြေခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယနေ့​နှင့်​မနက်ဖြန် နတ်ဆိုး​တို့​ကို​နှင်ထုတ်​၍ အနာရောဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အမှု​ကို​ပြီးမြောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ယေရှု​က “ထို​မြေခွေး​ကို သွား​၍ ပြောလော့။ ‘ငါ​သည် ယနေ့​နှင့် မနက်ဖြန် နတ်ဆိုးများ​ကို နှင်ထုတ်​၍ လူနာများ​ကို ကျန်းမာစေ​လျက်​ရှိမည်။ သုံးရက်မြောက်​နေ့​တွင် ငါ​၏​အမှု​ကို ပြီးစီးစေမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 ယ​ခု​နေ့​နှင့် နက်​ဖြန်​နေ့၌ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၏။ သုံး​ရက်​မြောက်​သော​နေ့၌ စုံ​လင်​ခြင်း​သို့ ရောက်​မည်​အ​ရာ​ကို ထို​မြေ​ခွေး​အား ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 13:32
16 ပူးပေါင်းရင်းမြစ်များ  

ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။


ကိုယ်​တော်​သည်​ပြီး​ပြည့်​စုံ​လင်​ခြင်း​သို့​ရောက် သော​အ​ခါ မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း တို့​၏​ထာ​ဝ​ရ​ကယ်​တင်​ခြင်း​အ​ရှင်​ဖြစ် လာ​တော်​မူ​၍၊-


မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အား​နည်း​၍​မ​စုံ လင်​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း များ​အ​ဖြစ်​ခန့်​ထား​လေ​သည်။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​ပေါ်​ပေါက်​ပြီး​သည့်​နောက်​ပိုင်း ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​စုံ​လင်​တော်​မူ​သော သား​တော်​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ကျိန်​ဆို​တော်​မူ​ချက်​ဖြင့်​ခန့်​ထား​တော်​မူ​၏။


သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။


သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။


ထို​ပြည်​ကို​အုပ်​ချုပ်​သော​အ​ရာ​ရှိ​တို့​သည် ခြင်္သေ့​ငယ်​များ​နှင့်​တူ​ကြ​၏။ တ​ရား​စီ​ရင် သူ​တို့​သည်​လည်း​လော​ဘ​ရ​မက်​ကြီး​လွန်း သ​ဖြင့် နံ​နက်​ချိန်​တိုင်​အောင်​အ​ရိုး​တစ်​ချောင်း ကို​မျှ​မ​စွန့်​ပစ်​နိုင်​သည့်​ဝံ​ပု​လွေ​ငယ်​များ နှင့်​တူ​ကြ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ပ​ရော ဖက်​များ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော​မြို့​ရှိ ခွေး​အ​များ​နှင့်​တူ​ကြ​၏။-


သ​ခင်​ယေ​ရှု​သည်​ထို​ပုန်း​ရည်​ကို​သောက်​တော် မူ​ပြီး​မှ ``အ​မှု​ပြီး​ပြီ'' ဟု​မိန့်​တော်​မူ​ကာ ဦး​ခေါင်း​တော်​ကို​ငိုက်​လျက်​အ​သက်​ချုပ် တော်​မူ​၏။


ငါချစ်ရာသခင်ကိုငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ