ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
လုကာ 12:56 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့သည် ကောင်းကင်နှင့် မြေကြီးကို ကြည့်၍ မိုးလေဝသအခြေအနေကို ပိုင်းခြားသိမြင်နိုင်ကြ၏။ သို့သော်လည်း ယခုကာလကို အဘယ်ကြောင့် မပိုင်းခြားနိုင်ကြသနည်း။ Common Language Bible ကြောင်သူတော်တို့၊ သင်တို့သည်မိုးမြေ၏ အရိပ်အခြေကိုထောက်လျက်ရာသီဥတု အခြေအနေကိုပြောနိုင်ကြပါလျက်နှင့် ဤ ခေတ်ကာလနှင့်စပ်ဆိုင်သောနိမိတ်များကို အဘယ်ကြောင့်မသိနိုင်ကြသနည်း။'' Garrad Bible အ ချင်း သီ လ ကြောင် တို့၊ မိုး မြေ မျက် နှာ ပြင် လ က္ခ ဏာ ကို ပိုင်း ခြား တတ် သော သင် တို့ သည် ယ ခု ခေတ် ကာ လ နှင့် စပ် ဆိုင် သော နိ မိတ် လ က္ခ ဏာ များ ကို မ ပိုင်း ခြား ကြ သည် မှာ အ သို့ နည်း။ Judson Bible လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။ မြန်မာ့စံမီသမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် မြေကြီးနှင့်ကောင်းကင်တို့၏အသွင်အပြင်ကို ပိုင်းခြား၍သိနိုင်ကြသော်လည်း ဤအချိန်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍မသိနိုင်ကြသနည်း။ မြန်မာ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
မနက်ခင်းတွင် ‘ကောင်းကင်နီ၍ အုံ့မှိုင်းသည်ဖြစ်၍ ယနေ့ မုန်တိုင်းကျလိမ့်မည်’ ဟု ဆိုတတ်ကြ၏။ သင်တို့သည် ကောင်းကင်ကို ကြည့်၍ မိုးလေဝသအခြေအနေကို ပိုင်းခြားသိမြင်နိုင်ကြ၏။ သို့သော် အချိန်ကာလများ၏ နိမိတ်လက္ခဏာများကိုမူ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိကြ။
သင်သည် အလှူအတန်းပြုသောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မပြုနှင့်။ ထိုသူတို့သည် လှူဒါန်းသောအခါ လူတို့၏ချီးမွမ်းပြောဆိုခြင်းကို ခံလိုသဖြင့် ဝတ်ပြုဆောင်များနှင့် လမ်းများ၌ တီးမှုတ်တတ်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။