Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 16:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 မနက်ခင်း​တွင် ‘ကောင်းကင်​နီ​၍ အုံ့မှိုင်းသည်​ဖြစ်၍ ယနေ့ မုန်တိုင်း​ကျ​လိမ့်မည်’ ဟု ဆိုတတ်ကြ၏။ သင်တို့​သည် ကောင်းကင်​ကို ကြည့်​၍ မိုးလေဝသ​အခြေအနေ​ကို ပိုင်းခြား​သိမြင်နိုင်ကြ၏။ သို့သော် အချိန်ကာလများ​၏ နိမိတ်​လက္ခဏာများ​ကိုမူ ပိုင်းခြား​သိမြင်နိုင်ခြင်း​မရှိကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 နံ​နက်​ချိန်​၌​မိုး​တိမ်​နီ​၍​အုံ့​မှိုင်း​နေ​လျှင်​မိုး​ရွာ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​သင်​တို့​ပြော​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​ကို​ကြည့်​ခြင်း​အား​ဖြင့် မိုး​လေ​ဝ​သ​၏​အ​ခြေ​အ​နေ​ကို​သိ​နိုင်​ကြ​ပါ လျက် မျက်​မှောက်​ခေတ်​ကာ​လ​၏​အ​ရိပ်​အ​ခြေ​ကို မူ​ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​ပါ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 နံ နက် အ ချိန် တွင် နီ မှောင် လျက် ရှိ သော် ယ နေ့ မိုး လေ ပြင်း ထန် လိမ့် မည် ဟူ၍ လည်း ကောင်း သင် တို့ ဆို တတ် ကြ၏။ မိုး ကောင်း ကင် မျက် နှာ ပြင် လ က္ခ ဏာ ကို ပိုင်း ခြား သိ မြင် တတ် သော သင် တို့ သည် ခေတ် ကာ လ များ နှင့် စပ် ဆိုင် သော နိ မိတ် လ က္ခ ဏာ များ ကို မ သိ မ မြင် နိုင် ကြ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 နံ​နက်​ယံ၌​ကား၊ ယ​ခု မိုး​အုံ့​လျက်​ရှိ၏။ နီ​မောင်း​သော​အ​ဆင်း​လည်း ရှိ၏။ ယ​နေ့ မိုး​သက်​မုန်​တိုင်း လာ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ကပ်​ကာ​လ၏ နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 နံနက်​စောစော​အချိန်​တွင်​လည်း ‘မိုး​ကောင်းကင်​အုံ့မှိုင်း​လျက်​နီရဲ​သည်​ဖြစ်၍ ယနေ့​မုန်တိုင်း​လာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်းကင်​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​ကြ​သော်လည်း အချိန်​ကာလ​များ​၏​နိမိတ်​လက္ခဏာ​များ​ကို​မူ ပိုင်းခြား​၍​မ​သိ​နိုင်​ကြ။]

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

3 နံ​နက်​ယံ၌​ကား၊ ယ​ခု မိုး​အုံ့​လျက်​ရှိ၏။ နီ​မောင်း​သော​အ​ဆင်း​လည်း ရှိ၏။ ယ​နေ့ မိုး​သက်​မုန်​တိုင်း လာ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ကပ်​ကာ​လ၏ နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 16:3
11 ပူးပေါင်းရင်းမြစ်များ  

မျက်မမြင်တို့​သည် မျက်စိ​မြင်ကြပြီ။ ခြေမသန်သူတို့​သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့​သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့​သည် ကြားကြပြီ။ သေဆုံးသော​သူတို့​သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့​သည်လည်း သတင်းကောင်း​ကို ကြားကြရပြီ။


သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​အကြောင်း​ကို ဟေရှာယ​က


သို့သော်လည်း ယေရှု​သည် ထို​သူတို့​၏ ဆိုးညစ်သော​အကြံအစည်​ကို သိတော်မူ​သဖြင့် “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​သည် အဘယ်ကြောင့်​ငါ့​ကို ထောင်ချောက်ဆင်ဖမ်း​ရန် ကြိုးစားကြသနည်း။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။


သူတော်ကောင်း​ယောင်ဆောင်သူ… သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို ဦး​စွာ​ထုတ်ပစ်လော့။ သို့မှသာ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်​ရန် ရှင်းလင်း​စွာ မြင်ရ​လိမ့်မည်။


သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ သင်တို့​သည် အမှတ်အသား​မရှိသည့် သင်္ချိုင်း​နှင့် တူကြ၏။ ၎င်း​အပေါ်​တွင် လူတို့​သည် သတိမပြုမိဘဲ လျှောက်သွားတတ်​ကြ၏” ဟု မိန့်တော်မူ၏။


သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​သည် ကောင်းကင်​နှင့် မြေကြီး​ကို ကြည့်​၍ မိုးလေဝသ​အခြေအနေ​ကို ပိုင်းခြား​သိမြင်နိုင်ကြ၏။ သို့သော်လည်း ယခု​ကာလ​ကို အဘယ်ကြောင့် မပိုင်းခြားနိုင်ကြသနည်း။


သို့သော် သခင်ဘုရား​က “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​ရှိသမျှ​သည် ဥပုသ်နေ့​တွင် သင်​၏​နွား၊ မြည်းများ​ကို တင်းကုပ်​ထဲမှ ကြိုးဖြေ​၍ ရေတိုက်​ရန် ခေါ်ဆောင်ကြသည်​မဟုတ်ပါလော။


မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ