လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
လုကာ 12:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ Common Language Bible ထိုနောက်သခင်ယေရှုကတပည့်တော်တို့ အား``သို့ဖြစ်၍သင်တို့သည်အဘယ်သို့စား ရမည်နည်းဟု အသက်ရှင်ရေးအတွက်မစိုး ရိမ်ကြနှင့်။ အဘယ်အရာကိုဝတ်ရမည်နည်း ဟု ကိုယ်ခန္ဓာအတွက်မစိုးရိမ်ကြနှင့်။- Garrad Bible ထို နောက် တ ပည့် တော် တို့ အား ကိုယ် တော် က သို့ ဖြစ်၍ ငါ ဆို သည် ကား မည် သည့် အ ရာ ကို စား ရ မည် ဟူ၍ ကိုယ့် အ သက် အ တွက် မ စိုး ရိမ် ကြ နှင့်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ ကိုယ် ခ န္ဓာ အ တွက် လည်း မ စိုး ရိမ် ကြ နှင့်။ Judson Bible တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဖို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ မြန်မာ တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဖို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။- |
လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
မည်သည့်အရာကို စားရမည်နည်း မည်သည့်အရာကို သောက်ရမည်နည်းဟူ၍ မတွေးတောကြနှင့်။ ထိုအရာများအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။
ကျွန်ုပ်သည် သင်တို့အား စိုးရိမ်ပူပန်မှုနှင့် ကင်းလွတ်စေချင်၏။ အိမ်ထောင်မရှိသောယောက်ျားသည် သခင်ဘုရားကို မည်သို့ နှစ်သက်စေရမည်ကို တွေးတောလျက် သခင်ဘုရား၏ အမှုတော်ကို ဂရုစိုက်တတ်၏။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
အသက်ရှင်နေထိုင်ရာတွင် ငွေမမက်ဘဲ ရှိသည့်အရာနှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က “ငါသည် သင်တို့ကို မည်သည့်အခါမျှ ထားခဲ့မည်မဟုတ်။ မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်” ဟု မိန့်တော်မူခဲ့သောကြောင့်ဖြစ်၏။