ထိုအချိန်တွင် လူစုထဲမှ လူတစ်ဦးက “ဆရာတော်… အကျွန်ုပ်၏အစ်ကိုအား မိသားစုနှင့်ဆိုင်သော အမွေကို ခွဲပေးရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်လေ၏။
လုကာ 12:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ထိုသူအား “မိတ်ဆွေ… မည်သူသည် ငါ့ကို တရားသူကြီးအဖြစ်၊ သို့မဟုတ် အမွေခွဲပေးသူအဖြစ် ခန့်ထားသနည်း” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။- Garrad Bible ကိုယ် တော် က အ ချင်း လူ၊ သင် တို့ အ ပေါ် တွင် တ ရား သူ ကြီး အ ဖြစ်၊ အ မွေ ခွဲ ဝေ သူ အ ဖြစ်၊ ငါ့ ကို မည် သူ ခန့် ထား သ နည်း ဟု ပြန်၍ မိန့် တော် မူ ပြီး နောက်၊ Judson Bible ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်က“အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့၏တရားသူကြီး၊သို့မဟုတ် ခုံလူကြီးအဖြစ် ခန့်ထားသနည်း”ဟု သူ့အားမိန့်တော်မူ၏။ မြန်မာ ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။- |
ထိုအချိန်တွင် လူစုထဲမှ လူတစ်ဦးက “ဆရာတော်… အကျွန်ုပ်၏အစ်ကိုအား မိသားစုနှင့်ဆိုင်သော အမွေကို ခွဲပေးရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်လေ၏။
ခဏကြာသော် အခြားတစ်ယောက်သည် ပေတရုကိုမြင်၍ “သင်သည်လည်း ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။ သို့သော် ပေတရုကလည်း “မိတ်ဆွေ… ကျွန်ုပ်မပါပါ” ဟု ငြင်းဆိုလေ၏။
ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “မိတ်ဆွေ… သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။
ထိုအခါ အမျိုးသမီးက “တစ်ဦးတစ်ယောက်မျှ မစီရင်ပါ သခင်” ဟု ဖြေဆိုလေ၏။ ယေရှုက “ငါသည်လည်း သင့်ကို မစီရင်ပါ။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန် အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတစ်ပါးကို အပြစ်စီရင်တတ်သောသူ… သင်သည် မိမိ၌အပြစ်မရှိဟု ဆင်ခြေပေး၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်သည်လည်း ထိုဆိုးယုတ်မှုများကို ကိုယ်တိုင် ကျူးလွန်နေသူဖြစ်သောကြောင့် သူတစ်ပါးကို အပြစ်တင်လျှင် သင့်ကိုယ်သင်အပြစ်တင်ရာရောက်၏။
ထိုသို့သောဆိုးယုတ်မှုများကို ကိုယ်တိုင် ပြုကျင့်လျက်နှင့်ပင် ထိုသို့ပြုကျင့်သည့်တစ်ပါးသူကို အပြစ်တင်သောသင်သည် ဘုရားသခင်၏ စီရင်တော်မူခြင်းနှင့် ကင်းလွတ်မည်ဟု ထင်သလော။
သို့သော် သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသောအရာက ပုံသွင်းသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။