သင်တို့ကို အပ်နှံကြသောအခါ မည်သို့တုံ့ပြန်ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်သည် သင်တို့ပြောဆိုရမည့်စကားကို ထိုအချိန်၌ ပေးတော်မူလိမ့်မည်။
လုကာ 12:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ပြောသင့်သည့်အရာများကို ထိုအချိန်၌ပင် သွန်သင်တော်မူလိမ့်မည်” ဟူ၍ မိန့်တော်မူ၏။ Common Language Bible သင်တို့အဘယ်သို့ပြောဆိုရမည်ကိုသန့်ရှင်း သောဝိညာဉ်တော်သည် ထိုအချိန်၌သွန်သင်ပေး တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဆို သင့် သည့် စ ကား ကို ထို အ ချိန် နာ ရီ တွင် ပင် သန့် ရှင်း သော ဝိ ညာဉ် တော် သွန် သင် တော် မူ လိမ့် မည် ဟု မိန့် တော် မူ၏။ Judson Bible အကြောင်းမူကား၊ ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံပေးမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်သည် ပြောဆိုရမည့်အရာတို့ကို ထိုအချိန်နာရီ၌ပင် သင်တို့အားသွန်သင်ပေးတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ အကြောင်းမူကား၊ ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံပေးမည်ဟု မိန့်တော်မူ၏။ |
သင်တို့ကို အပ်နှံကြသောအခါ မည်သို့တုံ့ပြန်ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်သည် သင်တို့ပြောဆိုရမည့်စကားကို ထိုအချိန်၌ ပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
ထိုအချိန်တွင် လူစုထဲမှ လူတစ်ဦးက “ဆရာတော်… အကျွန်ုပ်၏အစ်ကိုအား မိသားစုနှင့်ဆိုင်သော အမွေကို ခွဲပေးရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်လေ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် “လူတို့၏အာဏာပိုင်များနှင့် အကြီးအကဲများတို့…
သို့ရာတွင် ဘုရားသခင်၏ဉာဏ်ပညာတော်နှင့် ဝိညာဉ်တော်အားဖြင့် ဟောပြောသောသတေဖန်ကို သူတို့သည် မချေပနိုင်ကြ။
သို့ရာတွင် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ကောင်းကင်သို့ မျှော်ကြည့်ရာ ဘုရားသခင်၏ဘုန်းတော်နှင့် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသော ယေရှုကို တွေ့မြင်ရ၏။