ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။ လူတို့သည် မြို့ရွာများသို့ သွား၍ စားစရာများဝယ်ယူနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
လုကာ 10:40 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မာသသည် ညစာဧည့်ခံခြင်းအမှုများကြောင့် အလွန်စိတ်ပူပန်၍ ယေရှုအနားသို့ ချဉ်းကပ်လျက် “သခင်… ကျွန်မ၏ညီမသည် ဧည့်ဝတ်ပြုရန် ကျွန်မကိုသာ ပစ်ထားခဲ့သည်ကို လျစ်လျူရှုတော်မူပါသလော။ ကျွန်မအား ကူညီပေးရန် မိန့်တော်မူပါ” ဟု လျှောက်လေ၏။ Common Language Bible မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ Garrad Bible မာသ မူ ကား ဝေ ယျာ ဝ စ္စ ဆောင် ရွက် မှု နှောင့် ရှက် သ ဖြင့် ကိုယ် တော့် ထံ ချဉ်း ကပ် ပြီး လျှင် အ ရှင် ဘု ရား၊ တ ပည့် တော် မ တစ် ယောက် တည်း ဆောင် ရွက် ရန် ညီ မ ပစ် ထား သည် ကို ဂ ရု ပြု တော် မ မူ လော။ တ ပည့် တော် မ အား ကူ ညီ စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည်၊ ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကို ပစ်ထားသည်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း မာသမူကား ဧည့်ခံခြင်းအမှုများကြောင့် စိတ်ပူပန်သဖြင့် အထံတော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ဦးတည်းသာ ဧည့်ဝတ်ပြုရန်ပစ်ထားခဲ့သည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော။ ကျွန်မကိုကူညီရန် သူ့အား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။ မြန်မာ မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည်၊ ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကို ပစ်ထားသည်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- |
ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။ လူတို့သည် မြို့ရွာများသို့ သွား၍ စားစရာများဝယ်ယူနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုသည် ယေရှုအား သီးခြားခေါ်၍ “သခင်… ထိုသို့မဖြစ်ပါစေနှင့်။ ဤအဖြစ်သည် သခင့်ထံ၌ လုံးဝမကျရောက်စေရ” ဟု ဆိုကာ အပြစ်တင်သောစကားကို လျှောက်လေ၏။
ကိုယ်တော်၏ မိသားစုဝင်တို့သည် ဖြစ်ပျက်သမျှကို ကြားလျှင် ကိုယ်တော်ကို ထိန်းချုပ်ရန် ရောက်လာကြ၏။ သူတို့က “သူသည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။
ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ခရီးသွားကြစဉ် ယေရှုသည် ရွာတစ်ရွာသို့ ဝင်တော်မူ၏။ ထိုရွာမှ မာသဟု ခေါ်သောအမျိုးသမီးသည် ယေရှုကို မိမိအိမ်သို့ ကြိုဆိုဧည့်ခံလေ၏။
ယေရှုကလည်း “အို မာသ… မာသ… သင်သည် အလုပ်များကြောင့် စိုးရိမ်ပူပန်လျက် နှောင့်ယှက်ခြင်းကို ခံရလေပြီ။
မည်သည့်အရာကို စားရမည်နည်း မည်သည့်အရာကို သောက်ရမည်နည်းဟူ၍ မတွေးတောကြနှင့်။ ထိုအရာများအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။
လာဇရုအမည်ရှိသော လူတစ်ဦးသည် ဖျားနာလျက်ရှိ၏။ သူသည် မာရိနှင့် မာသဟု ခေါ်သော သူ၏ အစ်မနှစ်ဦးတို့နှင့်အတူ ဗေသနိရွာတွင်နေထိုင်၏။
လူတို့သည် ယေရှုအတွက် ညစာစားပွဲကို ပြင်ဆင်ပေး၍ မာသသည် ဧည့်ဝတ်ပြုလေ၏။ ယေရှုနှင့်အတူ စားပွဲ၌ ထိုင်နေသူများထဲတွင် လာဇရုလည်း ပါ၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။