Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 လာဇရု​အမည်​ရှိသော လူတစ်ဦး​သည် ဖျားနာ​လျက်​ရှိ၏။ သူ​သည် မာရိ​နှင့် မာသ​ဟု ခေါ်သော သူ​၏ အစ်မ​နှစ်ဦးတို့​နှင့်အတူ ဗေသနိရွာ​တွင်​နေထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဗေ​သ​နိ​ရွာ​သား​လာ​ဇ​ရု​ဆို​သူ​သည်​ဖျား​နာ လျက်​ရှိ​၏။ ဗေ​သ​နိ​ရွာ​တွင်​ညီ​အစ်​မ​ဖြစ်​ကြ သော​မာ​ရိ​နှင့်​မာ​သ​တို့​နေ​ထိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထိုအခါ မာရိနှင့်အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာသားလာဇရုဆိုသူသည် နာလျက်ရှိနေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ညီ​အစ်​မ မာ​ရိ​နှင့် မာ​သ​တို့​နေ​သော ဗေ​သ​နိ​ရွာ​သား၊ လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် နာ​လျက်​နေ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထိုအခါ​၌ မာရိ​နှင့်​သူ​၏​အစ်မ​မာသ​တို့​နေထိုင်​ရာ ဗေသနိ​ရွာ​မှ လာဇရု​ဆို​သူ​တစ်​ဦး​သည် နာမကျန်း​ဖြစ်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 ညီ​အစ်​မ မာ​ရိ​နှင့် မာ​သ​တို့​နေ​သော ဗေ​သ​နိ​ရွာ​သား၊ လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် နာ​လျက်​နေ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:1
15 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် သူတို့​ထံမှ ထွက်ခွာ​၍ ဗေသနိရွာ​သို့ ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​တည်းခိုတော်မူ၏။


ကိုယ်တော်​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ချဉ်းကပ်​၍ သံလွင်တောင်ခြေ​၌ ရှိသော ဗက်ဖာဂေရွာ​နှင့် ဗေသနိရွာ​သို့ ရောက်လာကြ၏။ ထိုအခါ ယေရှု​သည် တပည့်တော်​နှစ်ပါး​ကို စေလွှတ်​၍


ထိုသို့ မိန့်တော်မူ​ပြီးနောက် ယေရှု​က “ငါတို့​၏​မိတ်ဆွေ လာဇရု​သည် အိပ်ပျော်​လျက်​ရှိ၏။ သူ့​ကို နှိုး​ရန် ငါ​သွားမည်” ဟု မိန့်တော်မူ၏။


ဗေသနိရွာ​သည် ဂျေရုဆလင်မြို့​နှင့် နှစ်မိုင်​ခန့်သာ ကွာဝေး၏။


ဂျူး​လူမျိုး​များစွာ​သည်လည်း မောင်​ဖြစ်သူ​ကို ဆုံးရှုံးသော မာသ​နှင့်​မာရိ​တို့​ကို နှစ်သိမ့်​ရန် လာကြ၏။


ထို​ညီအစ်မ​နှစ်ဦး​က “သခင်… သခင်​ချစ်တော်မူသော​သူ​သည် အပြင်းဖျား​လျက်​ရှိပါ၏” ဟု ယေရှု​ထံတော်သို့ သတင်းပို့ကြ၏။


ယေရှု​သည် လာဇရု​ကို သင်္ချိုင်းမှ ခေါ်ထုတ်​၍ သေရာ​မှ ပြန်ရှင်​စေတော်မူသည်​ကို တွေ့မြင်ခဲ့သော​လူတို့​သည် ထို​အကြောင်း​ကို အခြားသူတို့​အား ပြောပြကြ၏။


ယေရှု​ကြွရောက်လာတော်မူ​သည့် သတင်း​ကို ကြား​သောအခါ ဂျူးလူမျိုး​များစွာ​သည် ကိုယ်တော်​ကိုသာ မဟုတ်၊ ကိုယ်တော်​က သေရာ​မှ​ပြန်ရှင်​စေတော်မူခဲ့သော လာဇရု​ကို​ပါ တွေ့မြင်လိုကြ​သဖြင့် ရောက်လာကြ၏။


ထို​နေ့ရက်များ​တွင် သူ​သည် နာမကျန်း​ဖြစ်​ပြီး ကွယ်လွန်သွား၏။ လူတို့​က သူ​၏​အလောင်း​ကို ဆေးကြောသန့်စင်​ကာ အပေါ်ထပ်​အခန်း​၌ ထားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ