လိုအပ်သောအရာ တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သောအရာကို ရွေးချယ်ပြီ။ ထိုအရာကို သူ့ထံမှ မည်သူမျှ မယူဆောင်နိုင်ပါ” ဟု ပြန်၍ မိန့်တော်မူ၏။
လုကာ 10:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မာသတွင် မာရိဟု ခေါ်သော ညီမတစ်ဦးရှိ၏။ မာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်လျက် ဟောပြောသမျှကို နားထောင်လေ၏။ Common Language Bible မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။- Garrad Bible မာရိ ခေါ် ညီ မ သည် အ ရှင် ဘု ရား၏ ခြေ တော် ရင်း၌ ထိုင်၍ တ ရား တော် ကို ကြား နာ ၏။ Judson Bible ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။ မြန်မာ ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။- |
လိုအပ်သောအရာ တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သောအရာကို ရွေးချယ်ပြီ။ ထိုအရာကို သူ့ထံမှ မည်သူမျှ မယူဆောင်နိုင်ပါ” ဟု ပြန်၍ မိန့်တော်မူ၏။
သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်အတွင်း ဆရာများအလယ်၌ထိုင်၍ သူတို့၏စကားကို နားထောင်ကာ ဆွေးနွေးမေးမြန်းလျက်နေသည်ကို တွေ့ရှိကြလေ၏။
ထို့နောက် လူတို့သည် ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် ထွက်လာကြ၏။ ယေရှုထံသို့ ရောက်သောအခါ နတ်ဆိုးပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်ကို ဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။
လာဇရုအမည်ရှိသော လူတစ်ဦးသည် ဖျားနာလျက်ရှိ၏။ သူသည် မာရိနှင့် မာသဟု ခေါ်သော သူ၏ အစ်မနှစ်ဦးတို့နှင့်အတူ ဗေသနိရွာတွင်နေထိုင်၏။
ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။
ထိုအချိန်တွင် မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ် နှစ်ဆယ်သားကို ယူလာ၍ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်ဖြင့် သုတ်၏။ တစ်အိမ်လုံးသည်လည်း ထိုဆီမွှေးရနံ့ဖြင့် မွှေးကြိုင်လေ၏။
ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။