မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 10:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြည့်လော့။ ငါသည် သင်တို့ကို မြွေဆိုးနှင့် ကင်းမြီးကောက်များအပေါ်တွင် နင်းခြေရသောအခွင့်နှင့် ရန်သူများအပေါ် အုပ်စိုးရသော တန်ခိုးအာဏာကို ပေး၏။ မည်သည့်အရာမျှ သင်တို့ကို မထိခိုက်စေရ။ Common Language Bible မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။- Garrad Bible မြွေ၊ ကင်း များ ကို နင်း ခွင့်၊ ရန် သူ၏ တန် ခိုး ရှိ သ မျှ ကို နိုင် ခွင့် အာ ဏာ ငါ ပေး အပ်၍၊ Judson Bible သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။ မြန်မာ သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။- |
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။
တစ်စုံတစ်ယောက်သည် သူတို့ကို အန္တရာယ်ပြုလိုလျှင် သူတို့၏ခံတွင်းမှ မီးထွက်လာ၍ ရန်သူကို လောင်ကျွမ်းစေလိမ့်မည်။ သူတို့ကို အန္တရာယ်ပြုလိုသောသူသည် ဤနည်းဖြင့် အသတ်ခံရမည်။