သင်နှင့် သင်၏သားသမီးများကို မြေပေါ်တွင် ဖိကြိတ်ကြလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့ကို မသိမမှတ်သောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
လုကာ 1:68 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်းကြပါစေသော။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိလူမျိုးထံသို့ကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်တော်မူခဲ့သောကြောင့် ဖြစ်၏။ Common Language Bible ``ဣသရေလအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြပါ စေသော။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ထံသို့ ကြွလာ၍သူတို့ကိုလွတ်မြောက်စေတော်မူပြီ။ Garrad Bible လူ မျိုး တော် ကို အ ကြည့် အ ရှု ကြွ လာ လျက် ရွေး နုတ် ခြင်း အ မှု ကို စီ ရင် တော် မူ သော ဣ သ ရေ လ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၌ မင်္ဂ လာ ရှိ ပါ စေ သော။ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တစ်သက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်းကတိတော်တည်းဟူသော သန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်လည်းကောင်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်လည်းကောင်း၊ မိမိလူမျိုးကို အကြည့်အရှု ကြွလာလျက် ရွေးနုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှလည်းကောင်း၊ မုန်းသောသူရှိသမျှတို့ လက်မှလည်းကောင်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး မြန်မာ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တစ်သက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်းကတိတော်တည်းဟူသော သန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်လည်းကောင်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်လည်းကောင်း၊ မိမိလူမျိုးကို အကြည့်အရှု ကြွလာလျက် ရွေးနုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှလည်းကောင်း၊ မုန်းသောသူရှိသမျှတို့ လက်မှလည်းကောင်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။ |
သင်နှင့် သင်၏သားသမီးများကို မြေပေါ်တွင် ဖိကြိတ်ကြလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့ကို မသိမမှတ်သောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ရှိမောင်သည် မာရိနှင့် ယောသပ်တို့အား စကားပြောနေချိန်တွင် အန္နသည် ရောက်လာကာ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထို့နောက် ဂျေရုဆလင်မြို့ ရွေးနုတ်ကယ်တင်ခံရမည်ကို စောင့်မျှော်လျက်ရှိသောသူအပေါင်းတို့အား ထိုသူငယ်အကြောင်းကို ပြောလေ၏။
သူသည် အစ္စရေးလူမျိုးများကို ကယ်တင်မည့်သူဖြစ်ကြောင်း ငါတို့မျှော်လင့်နေခဲ့ကြ၏။ ဤအကြောင်းအရာများ ဖြစ်ပျက်သည်မှာ ယခု သုံးရက်ရှိပါပြီ။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။