အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 1:53 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဆာလောင်​မွတ်သိပ်သော​သူတို့​ကို ကောင်းမွန်​စွာ​ကျွေးမွေး​၍ ချမ်းသာကြွယ်ဝသော​သူတို့​ကို လက်ဗလာ​ဖြင့် ပြန်လွှတ်တော်မူ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ငတ်​မွတ်​သူ​အား​ချို​မြိန်​သော​အ​စား​အ​စာ​ကို ကျွေး​မွေး​၍၊ ချမ်း​သာ​ကြွယ်​ဝ​သူ​များ​ကို လက်​ချည်း​လွှတ်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။

Garrad Bible

မွတ် သိပ် သူ တို့ ကို မြိန် ရှက် ဖွယ် နှင့် ဝ စေ၍ ကြွယ် ဝ သူ တို့ ကို လက် ချည်း လွှတ် ခြင်း ပြု တော် မူ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆာလောင်​သော​သူ​တို့​ကို ကောင်း​သော​အရာ​များ​ဖြင့်​ပြည့်ဝ​စေ​၍ ကြွယ်ဝ​သော​သူ​တို့​ကို လက်ချည်း​သက်သက်​ပြန်လွှတ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။



လုကာ 1:53
21 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်ခြင်း​ကို ငတ်မွတ်​တောင့်တသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အလိုဆန္ဒ​ပြည့်စုံကြ​ရမည်​ဖြစ်​သောကြောင့်ပင်။


ကိုယ်တော်​သည် ကျွန်မတို့​၏​ဘိုးဘေးများ​ဖြစ်သော အာဗြဟံ​နှင့် သူ​၏​မျိုးဆက်များ​အား ပေးခဲ့သော​ကတိတော်​ရှိသည့်​အတိုင်း သနားတော်မူ​ရန် အစဉ်အမြဲ​သတိရတော်မူပြီ။ ထို့ကြောင့် မိမိ​အစေခံ​အစ္စရေးလူမျိုး​ကို ကူညီမစတော်မူပြီ” ဟု ဆို၏။


ယခု ဆာလောင်မွတ်သိပ်​နေသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝလင်​စွာ စားရသော​အခွင့်​ကို ရကြမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ငိုကြွေး​ဝမ်းနည်းသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​ရယ်မော​ရသော​အချိန်​သည် ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။


သို့ရာတွင် ချမ်းသာသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် မိမိတို့​ခံစားရမည့် နှစ်သိမ့်မှု​ကို ရရှိပြီး​ဖြစ်​သောကြောင့်​ပင်။


ယေရှု​က “ငါ​သည် အသက်မုန့်​ဖြစ်၏။ ငါ့​ထံသို့ လာသော​သူ​သည် မည်သည့်​အခါမျှ အစာငတ်မည်​မဟုတ်။ ငါ့​ကို ယုံကြည်သော​သူ​သည်လည်း မည်သည့်​အခါမျှ ရေငတ်မည်​မဟုတ်။


ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ဘုရားသခင်​ရွေးချယ်တော်မူ​စဉ်က ရှိခဲ့သော သင်တို့​၏ အခြေအနေ​ကို ပြန်လည်​ဆင်ခြင်ကြည့်လော့။ လူတို့​အမြင်​အရ​ဆိုလျှင် သင်တို့​ထဲတွင် ပညာရှင်​များစွာ မပါခဲ့ကြ။ ဩဇာကြီးသူ​များစွာ မပါခဲ့ကြ။ မြင့်မြတ်သူ​ဟူ၍ များစွာ မပါခဲ့ကြ။


သင်တို့​သည် အစစအရာရာ​ပြည့်စုံကြပြီလော။ သင်တို့​သည် ချမ်းသာပြီလော။ ဘုရားသခင်​၏ နိုင်ငံတော်​တွင် ကျွန်ုပ်တို့​မပါဘဲ သင်တို့​အုပ်ချုပ်​နေကြပြီလော။ ကျွန်ုပ်တို့​သည်လည်း သင်တို့​နှင့်အတူ အုပ်ချုပ်ခွင့်​ရ​ရန်အတွက် သင်တို့ အမှန်တကယ်​ပင် အုပ်ချုပ်​နေပြီ​ဖြစ်လျှင် ကောင်းပေမည်။