သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
လုကာ 1:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသား၏အမည်ကို ယေရှုဟူ၍ မှည့်ရမည်။ Common Language Bible သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။- Garrad Bible နား ထောင် လော့။ သင် သည် သ န္ဓေ ယူ၍ သား ယောက်ျား ကို ဖွား မြင် သ ဖြင့် ယေ ရှု ဟု မှည့် ရ မည်။ Judson Bible သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်။ မြန်မာ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။- |
သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
သို့သော်လည်း သားမဖွားမီတိုင်အောင် မာရိနှင့် မဆက်ဆံဘဲနေ၏။ ထိုသား၏ အမည်ကို ယေရှုဟု မှည့်လေ၏။
ကောင်းကင်တမန်က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို နားဆင်တော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ယောဟန်ဟု မှည့်ရမည်။
ထိုမိန်းမပျိုသည် ဒါဝိဒ်မင်းအမျိုးမှ ဆင်းသက်သူဖြစ်သည့် ယောသပ်အမည်ရှိသောအမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် စေ့စပ်ကြောင်းလမ်းထားသူဖြစ်၏။ ထိုမိန်းမပျို၏အမည်မှာ မာရိဖြစ်၏။
ရှစ်ရက်ပြည့်သောအခါ သူငယ်ကို အရေပြားလှီးခြင်းမင်္ဂလာပေး၍ ယေရှုဟု အမည်ပေးကြ၏။ ထိုအမည်မှာ ကိုယ်ဝန်မဆောင်မီကပင် ကောင်းကင်တမန်ပေးထားသောအမည် ဖြစ်၏။
ထို့ကြောင့် ဒါဝိဒ်မင်းသည် ခရစ်တော်ကို ‘သခင်’ ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။