ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
လုကာ 1:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်တမန်က “ငါသည် ဘုရားသခင်၏ရှေ့တော်၌ ခစားရသောဂါဗြေလ ဖြစ်၏။ ထိုအရှင်က သင့်အား ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။ Common Language Bible ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။- Garrad Bible စေ တ မန် တော် က၊ ငါ သည် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ခ စား ရ သော ဂါ ဗြေ လ ဖြစ် သည်။ ဤ ဝမ်း မြောက် ဖွယ် သ တင်း ကို၊ သင့် အား ကြား ပြော ကြော် ငြာ စေ ရန် ငါ့ ကို စေ လွှတ် တော် မူ လိုက် သည်။ Judson Bible ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်တမန်ကလည်း “ငါသည် ဘုရားသခင်ရှေ့တော်၌ခစားရသော ဂါဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်ဖွယ်သတင်းကိုပြောကြားရန် ငါသည် သင့်ထံသို့စေလွှတ်ခြင်းခံရ၏။ မြန်မာ ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။- |
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
သင်သည် ငါ့စကားကို မယုံကြည်သောကြောင့် သူငယ်မွေးဖွားသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက် နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါပြောသော စကားသည် အချိန်တန်သောအခါ အမှန်ဖြစ်လာမည်ဖြစ်သောကြောင့်ပင်” ဟု ဆို၏။
ဧလိရှဗက် ကိုယ်ဝန်ခြောက်လရှိသောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့တွင် နေထိုင်သည့်မိန်းမပျိုတစ်ဦးထံသို့ စေလွှတ်တော်မူ၏။
ကောင်းကင်တမန်က “မကြောက်ကြနှင့်။ ငါသည် လူသားအားလုံးအတွက် အလွန်ဝမ်းမြောက်စရာသတင်းကောင်းကို သင်တို့ထံသို့ ယူဆောင်လာ၏။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။