ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။
ရှင်ယောဟန် 9:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယခု သူမည်သို့ မျက်စိမြင်လာသည်ကို ကျွန်ုပ်တို့မသိပါ။ မည်သူက သူ့မျက်စိကို မြင်စေခဲ့သည်ကိုလည်း ကျွန်ုပ်တို့မသိပါ။ သူ့ကိုသာ မေးပါ။ သူသည်လည်း အရွယ်ရောက်ပြီဖြစ်သောကြောင့် သူကိုယ်တိုင် ပြောပါလိမ့်မည်” ဟု ဖြေကြ၏။ Common Language Bible သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။- Garrad Bible သို့ရာတွင် ယခုမည်သို့မျက်စိမြင်ရသည်ကိုလည်းကောင်း၊ မည်သူပွင့်စေသည်ကိုလည်းကောင်း၊ ကျွန်တော်တို့မသိပါ။ အရွယ်ရောက်လျက်ရှိသောသူ့ကိုမေးကြပါ။ ကိုယ့်အကြောင်းကိုယ်ပြောပါစေဟုပြန်ဆိုကြ၏။ Judson Bible အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကိုလည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယခု မည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့မသိကြပါ။ သူ့ကိုမျက်စိမြင်အောင် မည်သူပြုလုပ်ပေးခဲ့သည်ကိုလည်း မသိကြပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်နေပါပြီ။ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်”ဟု ပြန်ပြောကြ၏။ မြန်မာ အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကိုလည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။- |
ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။
သူ၏ မိဘများကလည်း “သူသည် ကျွန်ုပ်တို့၏သား ဖြစ်ပါ၏။ မွေးရာပါမျက်မမြင်သောသူလည်းဖြစ်ပါ၏။
ဤသို့ ဖြေရခြင်းမှာ သူတို့သည် ဂျူးလူမျိုးခေါင်းဆောင်တို့ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏။ ဂျူးလူမျိုးခေါင်းဆောင်တို့က ယေရှုကို ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူကို ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ဟု ကြေညာထားကြ၏။
သို့ဖြစ်၍ သူ၏ မိဘများက “သူသည်လည်း အရွယ်ရောက်ပါပြီ။ သူ့ကိုမေးပါ” ဟု ဆိုကြခြင်းဖြစ်၏။
ထိုမြို့တွင် ရှစ်နှစ်ပတ်လုံး လေဖြတ်၍ အိပ်ရာထဲ၌လှဲနေရသည့် အဲနေအမည်ရှိသောသူကို တွေ့ရ၏။