ဝံပုလွေများထဲသို့ သိုးများကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေများကဲ့သို့ လိမ္မာပါးနပ်၍ ချိုးငှက်များကဲ့သို့ အဆိပ်ကင်းကြလော့။
ရှင်ယောဟန် 8:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ထိုသို့ လျှောက်ထား၍ ထောင်ချောက်ဆင်ကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် အောက်သို့ငုံ့၍ မြေပြင်ပေါ်တွင် လက်ညှိုးတော်ဖြင့် ရေးခြစ်လျက်နေတော်မူ၏။ Common Language Bible သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။ Judson Bible ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှာ၊ စုံစမ်းနှောင့်ယှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်ကို စွပ်စွဲခွင့်ရရှိရန် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ဤသို့လျှောက်ထားကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည်ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်၌ရေးလျက်နေတော်မူ၏။ မြန်မာ ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှာ၊ စုံစမ်းနှောင့်ယှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။- |
ဝံပုလွေများထဲသို့ သိုးများကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေများကဲ့သို့ လိမ္မာပါးနပ်၍ ချိုးငှက်များကဲ့သို့ အဆိပ်ကင်းကြလော့။
သို့သော်လည်း ယေရှုသည် သူ့အား စကားတစ်ခွန်းမျှ တုံ့ပြန်တော်မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ယေရှုထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးအား ပြန်စေတော်မူပါ။ သူသည် အကျွန်ုပ်တို့နောက်မှ လိုက်ကာ အော်ဟစ်၍ အနှောင့်အယှက်ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။
တစ်နေ့တွင် ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ယေရှုကို စမ်းသပ်လိုသဖြင့် ချဉ်းကပ်၍ ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။
ဖာရိရှဲတချို့သည် စမ်းသပ်လိုသဖြင့် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
သို့သော်လည်း ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောအကြံအစည်ကို သိတော်မူသဖြင့် “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။
သို့ရာတွင် ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော။ ငါတို့အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်၏အမည်နာမတော်ကို တိုင်တည်၍ ငါမေး၏” ဟု ဆိုလေ၏။
ထိုအခါ ဖာရိရှဲတချို့သည် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လိုသဖြင့် မေးလျှောက်ကြ၏။
အကျွန်ုပ်တို့သည် အခွန်ဆက်သသင့်သလော၊ မဆက်သင့်သလော” ဟု မေးလျှောက်ကြ၏။ ယေရှုသည် ထိုသူတို့၏ လှည့်ကွက်ကို သိမြင်တော်မူ၍ “သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ ဒင်္ဂါးပြားတစ်ပြားကို ယူခဲ့လော့။ ငါပြောမည်” ဟု မိန့်တော်မူ၏။
ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် ယေရှုသည် ဥပုသ်နေ့တွင် ထိုသူအား ကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။
ကိုယ်တော်ရောက်တော်မူကြောင်းကို ဖာရိရှဲတို့သည် ကြားသောအခါ လာ၍ ကိုယ်တော်နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့သည် ကိုယ်တော်ကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
တချို့က ယေရှုကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကို ပြရန် တောင်းဆိုကြ၏။
နောက်တစ်နေ့ နံနက်စောစောတွင် ယေရှုသည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြသဖြင့် ကိုယ်တော်သည် ထိုင်တော်မူပြီးလျှင် သူတို့ကို သွန်သင်တော်မူ၏။
ထိုသူတို့ထဲမှ အချို့သောသူတို့သည် ခရစ်တော်ကို အကဲစမ်းသကဲ့သို့ ကျွန်ုပ်တို့သည် အကဲမစမ်းဘဲနေကြကုန်စို့။ ထိုသူတို့သည် အကဲစမ်းသောကြောင့် မြွေကိုက်၍ သေကြ၏။