ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
ရှင်ယောဟန် 8:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ဗိမာန်တော်၏ အလှူခွက်ထားရာနေရာအနီးတွင် သွန်သင်တော်မူစဉ် ဤစကားတော်တို့ကို မိန့်တော်မူ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မကျရောက်သေးသောကြောင့် မည်သူမျှ မဖမ်းဆီးကြ။ Common Language Bible ကိုယ်တော်သည်ဤစကားတော်များကိုဗိမာန် တော်အတွင်းအလှူခံသတ္တာများထားရာအခန်း ၌ ဟောပြောသွန်သင်စဉ်မိန့်တော်မူသတည်း။ သို့ ရာတွင်ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှကိုယ်တော်ကိုမဖမ်းမဆီးကြ။ Garrad Bible ဗိမာန်တော်အတွင်းအလှူတိုက်အနီး ဒေသနာပေးလျက်မိန့်တော်မူ၏။ အချိန်နာရီတော်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဖြစ်ကြ။ Judson Bible ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။ မြန်မာ ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။ |
ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များကလည်း ထိုငွေများကို ယူ၍ “ဤငွေသည် လူသတ်ရန် ပေးထားသော ငွေဖြစ်သောကြောင့် ဗိမာန်တော် အလှူသေတ္တာထဲသို့ မသွင်းသင့်” ဟု ဆိုကြ၏။
ထို့နောက် ယေရှုသည် ဗိမာန်တော် အလှူခွက်၏ မနီးမဝေးတွင် ထိုင်လျက် လူတို့သည် အလှူငွေများကို အလှူခွက်ထဲသို့ ထည့်ကြသည်ကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများက ငွေအမြောက်အမြား ထည့်ကြ၏။
ကိုယ်တော်သည် တပည့်တော်တို့ကို ခေါ်၍ “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားလှူဒါန်းကြသောလူများထက် ပို၍ လှူဒါန်းလေပြီ။
ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
ထို့နောက် ဗိမာန်တော်၌ ရှိတော်မူစဉ် ယေရှုသည် လှမ်းကြည့်တော်မူ၍ ချမ်းသာသောသူများက သူတို့၏အလှူငွေများကို အလှူခွက်ထဲသို့ ထည့်ကြသည်ကို မြင်တော်မူ၏။
ထိုအခါ သူတို့သည် ယေရှုကို ဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့သော်လည်း ယေရှုသည် သူတို့ထံမှ ရှောင်တိမ်း၍ ထွက်ကြွတော်မူ၏။
ယေရှုက “မယ်တော်… မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ်အား မပြောပါနှင့်။ ကျွန်ုပ် လုပ်ဆောင်ရန် အချိန်မကျသေးပါ” ဟု မိန့်တော်မူ၏။
ထိုအခါ ဂျူးခေါင်းဆောင်များသည် ယေရှုကို ဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော်လည်း ယေရှု၏အချိန် မကျရောက်သေးသောကြောင့် မည်သူမျှ မဖမ်းဆီးကြပေ။
ထိုပွဲတော်သို့ သင်တို့သွားကြလော့။ ငါ့အချိန် မကျသေးသောကြောင့် ငါသည် မသွားပါ” ဟု မိန့်တော်မူ၏။
နောက်တစ်နေ့ နံနက်စောစောတွင် ယေရှုသည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြသဖြင့် ကိုယ်တော်သည် ထိုင်တော်မူပြီးလျှင် သူတို့ကို သွန်သင်တော်မူ၏။
ထိုအခါ သူတို့သည် ယေရှုကို ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။