မျက်စိသည် ကိုယ်ခန္ဓာ၏ မီးအိမ်ဖြစ်၏။ ထို့ကြောင့် သင်၏ မျက်စိ ကောင်းမွန်လျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး လင်းလိမ့်မည်။
ရှင်ယောဟန် 7:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။ Common Language Bible ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။- Garrad Bible မည်သူမဆို ထိုအရှင့်အလိုတော်ကိုဆောင်ရွက်လိုလျှင် ဒေသနာတော်မှာ ဘုရားသခင့်အထံတော်မှ ဖြစ်သည်။ အလိုအလျောက်ငါဟောပြောသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။ Judson Bible ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။ မြန်မာ ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။- |
မျက်စိသည် ကိုယ်ခန္ဓာ၏ မီးအိမ်ဖြစ်၏။ ထို့ကြောင့် သင်၏ မျက်စိ ကောင်းမွန်လျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး လင်းလိမ့်မည်။
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
သမ္မာတရားကို ကျင့်သောသူတို့ကမူ မိမိတို့လုပ်ဆောင်သမျှသည် ဘုရားသခင်၏ အလိုတော်နှင့်ညီကြောင်းကို ပေါ်လွင်စေရန် အလင်းသို့ ချဉ်းကပ်ကြသည်” ဟု မိန့်တော်မူ၏။
ငါ့စကားကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ထိုသို့နားမလည်ခြင်းမှာ ငါ့သွန်သင်ချက်ကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ပင် ဖြစ်၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ဘုရားသခင်၏လူ ဖြစ်လျှင် ဘုရားသခင်၏စကားကို နားထောင်လိမ့်မည်။ သင်တို့သည် ဘုရားသခင်၏ လူမဟုတ်သောကြောင့် နားမထောင်ကြ” ဟု မိန့်တော်မူ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ပို၍ စိတ်သဘောထားပြည့်ဝကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားတော်ကို စိတ်အားထက်သန်စွာခံယူကြ၍ ထိုဟောပြောချက်များ မှန်သည်၊ မမှန်သည်ကိုသိမြင်ရန် ကျမ်းစာကို နေ့စဉ်နေ့တိုင်း လေ့လာ၍ ဆန်းစစ်ကြ၏။