ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
ရှင်ယောဟန် 6:56 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ငါ့အထဲ၌တည်ရှိ၏။ ငါသည်လည်း ထိုသူ့အထဲ၌တည်ရှိ၏။ Common Language Bible ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည်ငါ၌ကျိန်းဝပ်၏။ ငါသည်လည်းထိုသူ ၌ကျိန်းဝပ်၏။- Garrad Bible ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်သောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။ Judson Bible ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ငါ၌တည်၏။ ငါသည်လည်း ထိုသူ၌တည်၏။ မြန်မာ ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။- |
ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
အဘယ်ကြောင့်ဆိုသော် ငါ့အသားသည် စစ်မှန်သောစားစရာဖြစ်ပြီး ငါ့အသွေးသည် စစ်မှန်သောသောက်စရာဖြစ်၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
ထို့ကြောင့် အစဦးကပင် ကြားခဲ့ရသော အရာကို သင်တို့၌ တည်စေကြလော့။ ထိုသို့တည်လျှင် သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်နေလိမ့်မည်။
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံလျက်ရှိပြီ။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။