လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ငါသည် မိမိအလိုကို လုပ်ဆောင်ရန် မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသော ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် ဆင်းသက်လာသောကြောင့် ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ငါသည်ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်ဘုံမှဆင်းသက်လာသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုအတိုင်းဆောင်ရွက်ရန် ဆင်းသက်လာသော ကြောင့်တည်း။- Garrad Bible ကောင်းကင်ဘုံထဲမှ ငါဆင်းသက်သည်မှာ ကိုယ့်အလိုကိုမဟုတ်၊ စေလွှတ်တော်မူလိုက်သော အရှင့်အလိုတော်ကိုဆောင်ရွက်ရန်တည်း။ Judson Bible အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် မိမိအလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို ဆောင်ရွက်ရန် ကောင်းကင်မှဆင်းသက်၏။ မြန်မာ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။- |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် မိမိ၏ သားတော်ကို လောကသို့ စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို အပြစ်စီရင်ရန် မဟုတ်။ လောကီသားတို့ကို သားတော်အားဖြင့် ကယ်တင်ရန်ဖြစ်၏။
အထက်မှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။ ကမ္ဘာလောကမှ ဖြစ်ပွားသောသူသည် လောကီသားဖြစ်၍ လောကီနှင့်ဆိုင်သောအရာများကိုသာ ပြောဆို၏။ ကောင်းကင်ဘုံမှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သားတော်သည် မည်သည့်အမှုကိုမျှ မိမိအလိုအလျောက် မပြုနိုင်။ ခမည်းတော်ပြုတော်မူသောအမှုကို မြင်၍သာ ပြု၏။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်သည်လည်း ပြု၏။
ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဆန္ဒအလျောက် မပြုနိုင်။ ခမည်းတော်မိန့်တော်မူသည့်အတိုင်း ငါတရားစီရင်၏။ ငါ့တရားစီရင်ခြင်းသည် တရားမျှတ၏။ ငါသည် မိမိအလိုအတိုင်း မဆောင်ရွက်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်အတိုင်းဆောင်ရွက်သောကြောင့် ငါ့တရားစီရင်ခြင်းသည် မှန်ကန်၏။
ယေရှုက “သင်တို့ထံမှ ဘုရားသခင်အလိုရှိတော်မူသော အမှုတော်မှာ မိမိစေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
ဘုရားသခင်၏ စစ်မှန်သောမုန့်မှာ ကောင်းကင်မှ ဆင်းသက်လာ၍ လောကီသားတို့အား အသက်ကို ပေးသောမုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။
“ဤသူသည် ယောသပ်၏ သား ယေရှုမဟုတ်လော။ သူ၏ မိဘတို့ကို ငါတို့သိသည် မဟုတ်လော။ သို့ဖြစ်ပါလျက် သူက ‘ငါသည် ကောင်းကင်မှ ဆင်းသက်လာ၏’ ဟု အဘယ်ကြောင့် ဆိုသနည်း” ဟု မကျေမနပ်ပြောဆိုကြ၏။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ကျမ်းစာ၌ “ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ ကဲ့ရဲ့ခြင်းသည် ကျွန်ုပ်အပေါ်၌လည်း သက်ရောက်ပါ၏” ဟု ရေးသားထားသည့်အတိုင်း ခရစ်တော် ကိုယ်တိုင်ပင်လျှင် မိမိစိတ်ကြိုက် ပြုတော်မမူခဲ့ပေ။
“တက်ကြွတော်မူသောအခါ” ဟု ဆိုရာတွင် ကိုယ်တော်သည် အောက်အရပ် ဖြစ်သော မြေကြီးသို့ ဆင်းကြွတော်မူခဲ့ကြောင်းကို ညွှန်းဆိုသည် မဟုတ်လော။
ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သော်လည်း မိမိခံစားရသောဆင်းရဲဒုက္ခအားဖြင့် နာခံတတ်ရန် သင်ယူတော်မူ၏။