ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။
ရှင်ယောဟန် 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သုံးရက်မြောက်သော နေ့တွင် ဂါလိလဲပြည်၊ ကာနမြို့၌ မင်္ဂလာဆောင်ပွဲတစ်ခု ကျင်းပလေ၏။ ယေရှု၏မယ်တော်သည် ထိုပွဲ၌ ရှိ၏။ Common Language Bible နောက်နှစ်ရက်ကြာသောအခါဂါလိလဲပြည်၊ ကာနမြို့မှာမင်္ဂလာဆောင်ပွဲကျင်းပရာ သခင်ယေရှု၏မယ်တော်ကြွရောက်၏။- Garrad Bible ထိုနောက်တတိယနေ့၌ ဂါလိလဲနယ်ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကျင်းပ၍ ပွဲထိုင်မယ်တော်ပါသည့်ပြင်၊ Judson Bible သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သုံးရက်မြောက်သောနေ့၌ ဂါလိလဲနယ်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပရာ ယေရှု၏မယ်တော်သည် ထိုနေရာ၌ရှိ၏။ မြန်မာ သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။- |
ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။
နောက်တစ်နေ့တွင် မိမိထံသို့ ယေရှုကြွလာသည်ကို မြင်သောအခါ ယောဟန်က “ဤကမ္ဘာလောက၏ အပြစ်ကို ချေဖျက်သော ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲပြည်သို့ ကြွရန် ဆုံးဖြတ်တော်မူ၏။ ထိုအခါ ဖိလိပ္ပုကို တွေ့တော်မူသဖြင့် ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
ရှိမုန်ပေတရု၊ အမြွှာပူးဟု အမည်တွင်သော သောမ၊ ဂါလိလဲပြည်၊ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြ၏။
ထို့နောက် ယေရှုသည် ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းလဲစေတော်မူခဲ့ရသော ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ ကပေရနောင်မြို့၌ အမတ်တစ်ဦးရှိ၍ သူ၏ သားသည် အပြင်းဖျားလျက်ရှိ၏။
ထိမ်းမြားလက်ထပ်ခြင်းကို လူတိုင်းတန်ဖိုးထားလေးစားရမည်။ အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး သစ္စာရှိရမည်။ ဘုရားသခင်သည် တရားနှင့်မညီသော မေထုန်ကို ပြုသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူတို့ကို စီရင်တော်မူလိမ့်မည်။