ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
ရှင်ယောဟန် 17:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်သကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကသို့ စေလွှတ်ပါ၏။ Common Language Bible ကိုယ်တော်သည်အကျွန်ုပ်ကိုဤလောကသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကိုဤလောကထဲသို့စေလွှတ်ပါ၏။- Garrad Bible ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့စေလွှတ်တော်မူသည့်နည်းတူ၊ အကျွန်ုပ်လည်း သူတို့ကို ဤလောကထဲသို့စေလွှတ်လျက်၊ Judson Bible ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကထဲသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည် သူတို့ကို ဤလောကထဲသို့ စေလွှတ်ပါ၏။ မြန်မာ ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။- |
ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
အကျွန်ုပ်သည် သူတို့၌ တည်၍ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာတစ်သားတည်းဖြစ်ခြင်းအားဖြင့် အဖသည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကို ချစ်တော်မူကြောင်းကို လောကီသားတို့သိကြပါလိမ့်မည်။
တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောတရားတော်ကို အကျွန်ုပ်သည် ထိုသူတို့အား ပေး၍ သူတို့သည် ခံယူရရှိကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်ထံမှ လာကြောင်းကို သူတို့သည် အမှန်ပင်သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ယုံကြည်ကြပါ၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ဘုရားသခင်သည် မိမိ၏ သားတော်ကို လောကသို့ စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို အပြစ်စီရင်ရန် မဟုတ်။ လောကီသားတို့ကို သားတော်အားဖြင့် ကယ်တင်ရန်ဖြစ်၏။
သင်တို့စိုက်ပျိုးမထားသော လယ်မှ သီးနှံများကို ရိတ်သိမ်းရန် သင်တို့ကို ငါစေလွှတ်ပြီ။ အခြားသူတို့သည် စိုက်ပျိုးထားကြပြီး သင်တို့မှာ ထိုသူတို့စိုက်ပျိုးထားသောသီးနှံတို့ကို ရိတ်သိမ်းရ၏” ဟု မိန့်တော်မူ၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
တန်ခိုးတော် သက်ဝင်လှုပ်ရှားမှုကြောင့် ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်နှင့်ဆိုင်သော အထူးတာဝန်ကို ခံစားရသည်နှင့်အညီ ကျွန်ုပ်သည် ထိုသတင်းကောင်းကို ဟောပြောသူ ဖြစ်လာ၏။