ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ရှင်ယောဟန် 16:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော်နှင့် သက်ဆိုင်သမျှသောအရာတို့သည် ငါနှင့် သက်ဆိုင်၏။ ထို့ကြောင့် ‘ဝိညာဉ်တော်သည် ငါ့ထံမှ ရရှိသောသမ္မာတရားကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်’ ဟု ငါပြောဆိုခဲ့၏။ Common Language Bible ခမည်းတော်၌ရှိသမျှသည်ငါနှင့်စပ်ဆိုင် ၏။ သို့ဖြစ်၍ဝိညာဉ်တော်သည်ငါထံမှရရှိ သည့်စကားကို သင်တို့အားပြောကြားတော် မူလိမ့်မည်ဟုငါပြောသတည်း။'' Garrad Bible ခမည်းတော်၌ရှိသမျှသည် ငါပိုင်ဆိုင်ရာဖြစ်သောကြောင့် ငါပိုင်ဆိုင်ရာကိုခံယူလျက် သင်တို့အားညွှန်ပြတော်မူလိမ့်မည်ဟု ငါပြောဆို၏။ Judson Bible ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။ မြန်မာ့စံမီသမ္မာကျမ်း ခမည်းတော်၌ရှိသောအရာအားလုံးတို့သည် ငါနှင့်ဆိုင်သောအရာဖြစ်၏။ ထို့ကြောင့် ဝိညာဉ်တော်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြမည်ဟု ငါဆိုခဲ့၏။ မြန်မာ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။ |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။
အကျွန်ုပ်ပိုင်သောသူ ရှိသမျှတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်ပိုင်တော်မူသောအရာ မှန်သမျှတို့ကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထို့ကြောင့် ထိုအရာများအားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ထိုခရစ်တော်ထံ၌ ဉာဏ်ပညာနှင့် အသိပညာတို့သည် ရတနာသိုက်သဖွယ် ဖုံးကွယ်လျက် ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားဖြစ်ခြင်း၏ ပြည့်စုံမှုအားလုံးသည် ခရစ်တော်ထံ၌ ကိုယ်ခန္ဓာအသွင်ဖြင့် ကိန်းအောင်းတော်မူပြီး