ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 14:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို မချစ်သောသူသည် ငါ့စကားကို နာခံလိမ့်မည်မဟုတ်။ သင်တို့ကြားသောစကားတို့သည် ငါ့စကား မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏ စကားဖြစ်၏။ Common Language Bible ငါ့ကိုမချစ်သောသူသည်ငါ့သွန်သင်ချက် ကိုမခံမယူတတ်။ သင်တို့ကြားရသောသွန် သင်ချက်သည်ငါ့သွန်သင်ချက်မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်၏သွန် သင်ချက်ဖြစ်၏။ Garrad Bible ငါ့ကိုမချစ်သောသူမူကား ငါ့တရားကိုမစောင့်ရှောက်တတ်။ သင်တို့ကြားရသောတရားမှာ ငါ့တရားမဟုတ်။ စေလွှတ်တော်မူလိုက်သောခမည်းတော်၏တရားတော်တည်း။ Judson Bible ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုလိုက်နာစောင့်ထိန်းခြင်းမရှိ။ သင်တို့ကြားရသောစကားသည် ငါ၏စကားမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကားဖြစ်၏။ မြန်မာ ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။- |
ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ငါသည် ခမည်းတော်၌ တည်၍ ခမည်းတော်သည် ငါ၌ တည်သည်ကို သင်မယုံသလော။ သင်တို့ကို ငါပြောသောစကားတို့သည် ငါ့ဆန္ဒအတိုင်း ပြောသောစကားများ မဟုတ်။ ငါ၌တည်သော ခမည်းတော်သည် သူ၏ အမှုတော်များကို ငါ့အားဖြင့် လုပ်ဆောင်တော်မူခြင်းသာ ဖြစ်၏။
ငါအမှန်ဆိုရလျှင် ငါတို့သည် မိမိသိသောအရာကို ပြောကြ၏။ မိမိမြင်ဖူးသောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် လက်မခံကြ။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သားတော်သည် မည်သည့်အမှုကိုမျှ မိမိအလိုအလျောက် မပြုနိုင်။ ခမည်းတော်ပြုတော်မူသောအမှုကို မြင်၍သာ ပြု၏။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်သည်လည်း ပြု၏။
ခမည်းတော် စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်သောကြောင့် သူ၏နှုတ်ကပတ်တရားတော်သည်လည်း သင်တို့စိတ်နှလုံးတွင် မတည်။
ထိုကြောင့် ယေရှုက “ငါဟောသော သွန်သင်ချက်သည် ငါ့ကိုယ်ပိုင်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ သွန်သင်ချက်ဖြစ်၏။
ဗိမာန်တော်၌ သွန်သင်တော်မူစဉ် ယေရှုက “ငါသည် မည်သူဖြစ်ကြောင်းနှင့် အဘယ်ကလာကြောင်းကို သင်တို့သိကြ၏။ သို့ရာတွင် ငါသည် မိမိသဘောနှင့် လာသည်မဟုတ်ပါ။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် စစ်မှန်သောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်ကို သင်တို့မသိကြ။
သင်တို့နှင့်ပတ်သက်၍ ငါပြောစရာများစွာ၊ စီရင်စရာများစွာ ရှိ၏။ သို့သော်လည်း ငါမပြော၊ မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံမှ ကြားသိသောအရာများကိုသာ လောကီသားတို့ကို ငါဟောပြော၏။ ထိုအရှင်သည် ဖြောင့်မှန်သောအရှင် ဖြစ်တော်မူသည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယေရှုက “သင်တို့သည် လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထားသောအချိန်၌ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်ညွှန်ကြားတော်မူသည့်အတိုင်း ဟောပြောသည်ကိုလည်းကောင်း သိကြလိမ့်မည်။
ငါသည် ငါ့ခမည်းတော်ထံ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာများကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့ ဖခင်ထံမှ ကြားသိသော အရာများကို လုပ်ဆောင်ကြ၏” ဟု မိန့်တော်မူ၏။
ယေရှုက “ဘုရားသခင်သည် သင်တို့၏ အဖဖြစ်ပါက သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ထံမှ လာ၏။ မိမိသဘောအတိုင်း လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။