Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 14:24 - မြန်မာ

24 ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်​တို့​ကြား​သော​စ​ကား​သည် ငါ့​စ​ကား​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​စ​ကား​တော်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ငါ့​ကို​မ​ချစ်​သော​သူ​သည်​ငါ့​သွန်​သင်​ချက် ကို​မ​ခံ​မ​ယူ​တတ်။ သင်​တို့​ကြား​ရ​သော​သွန် သင်​ချက်​သည်​ငါ့​သွန်​သင်​ချက်​မ​ဟုတ်။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​သွန် သင်​ချက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ငါ့ကိုမချစ်သောသူမူကား ငါ့တရားကိုမစောင့်ရှောက်တတ်။ သင်တို့ကြားရသောတရားမှာ ငါ့တရားမဟုတ်။ စေလွှတ်တော်မူလိုက်သောခမည်းတော်၏တရားတော်တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်​တို့​ကြား​သော​စ​ကား​သည် ငါ့​စ​ကား​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​စ​ကား​တော်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​ရ​သော​စကား​သည် ငါ​၏​စကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​၏​စကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ငါ့​ကို မချစ်သောသူ​သည် ငါ့​စကား​ကို နာခံ​လိမ့်မည်​မဟုတ်။ သင်တို့​ကြားသော​စကားတို့​သည် ငါ့​စကား မဟုတ်။ ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​၏ စကား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 14:24
19 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-


ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။-


ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊-


ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​တွင် ဤ​စ​ကား​ကို​ပြော​ခဲ့​ပြီ။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-


ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။-


နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့၌​မ​တည်။ အ​ကြောင်း​မူ​ကား၊ စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ယုံ​ကြည်​ဘဲ​နေ​ကြ၏။


ယေ​ရှု​က​လည်း၊ ငါ​ဟော​သော​ဒေ​သ​နာ​သည် ငါ၏​ဒေ​သ​နာ​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ၏​ဒေ​သ​နာ​ဖြစ်၏။-


ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​သိ​ကြ၏။ ငါ​သည် အ​ဘယ်​က ဖြစ်​သည်​ကို​လည်း သိ​ကြ၏။ သို့​သော်​လည်း ငါ​သည် ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။ ထို​သူ​ကို သင်​တို့​မ​သိ​ကြ။-


သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-


ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-


ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ