ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ရှင်ယောဟန် 14:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ငါ့ကို ချစ်လျှင် ငါ့ပညတ်တို့ကို လိုက်နာကြလိမ့်မည်။ Common Language Bible ``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။- Garrad Bible သင်တို့သည်ငါ့ကိုချစ်လျှင် ငါ့ပညတ်များကိုစောင့်ရှောက်ကြလိမ့်မည်။ Judson Bible ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်များကို စောင့်ထိန်းကြလိမ့်မည်။ မြန်မာ ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊- |
ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ယေရှုက “ဘုရားသခင်သည် သင်တို့၏ အဖဖြစ်ပါက သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ထံမှ လာ၏။ မိမိသဘောအတိုင်း လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။
မည်သူမဆို သခင်ဘုရားကို မချစ်လျှင် ထိုသူသည် ကျိန်ဆိုခြင်းကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပညတ်ထားတော်မူသည့်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်တော်မှာ အစဦးကပင် သင်တို့ကြားခဲ့သည့်အတိုင်း အချင်းချင်း ချစ်ကြရန်ဖြစ်၏။