တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော်လည်း ကောင်းမွန်စွာလေ့ကျင့်သင်ကြားခြင်းကို ခံယူသောသူတိုင်းသည် မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။
ရှင်ယောဟန် 13:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်။ အစေလွှတ်ခံသည်လည်း စေလွှတ်သူထက် သာ၍ ကြီးမြတ်သည်မဟုတ်။ Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။- Garrad Bible ငါဧကန်အမှန်ဆိုသည်ကား ကျွန်သည်သခင့်ထက်လည်းကောင်း၊ တမန်သည်စေလွှတ်သူထက်လည်းကောင်း ကြီးမြတ်သည်မဟုတ်။ Judson Bible ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ ကြီးမြတ်သည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။ မြန်မာ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ ကြီးမြတ်သည်မဟုတ်။- |
တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော်လည်း ကောင်းမွန်စွာလေ့ကျင့်သင်ကြားခြင်းကို ခံယူသောသူတိုင်းသည် မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။
‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
တိတုအကြောင်းနှင့် ပတ်သက်၍ ပြောရလျှင် သူသည် သင်တို့ကို ကူညီရန် ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။ သူနှင့်အတူပါရှိသော အခြားညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတော်ဖြစ်သော အသင်းတော်တို့၏ ကိုယ်စားလှယ်များဖြစ်ကြ၏။
သို့သော် ဤအတောအတွင်း ဧပဖြောဒိတ်ကို သင်တို့ထံသို့ ပြန်လည်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ထင်မြင်ယူဆ၏။ သူသည် ကျွန်ုပ်၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် သင်တို့စေလွှတ်လိုက်သော သင်တို့၏တမန်၊ ကျွန်ုပ်၏ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ဖြစ်၏။