သင်တို့အားလုံးကို ရည်ညွှန်း၍ ငါပြောသည်မဟုတ်။ ငါရွေးချယ်ထားသောသူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါနှင့်အတူ လက်ဆုံစားသောသူသည် ငါ့ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာရမည်။
ရှင်ယောဟန် 13:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် မိမိအား သစ္စာဖောက်မည့်သူကို သိတော်မူသောကြောင့် “လူတိုင်း စင်ကြယ်သည်မဟုတ်” ဟု မိန့်တော်မူခြင်းဖြစ်၏။ Common Language Bible (မိမိအားရန်သူ့လက်သို့အပ်နှံမည့်သူကိုသိ တော်မူသောကြောင့် ကိုယ်တော်ကလူတိုင်းစင် ကြယ်သည်မဟုတ်ဟုမိန့်တော်မူသတည်း။) Garrad Bible သင်တို့ရှိသမျှ စင်ကြယ်ကြသည်မဟုတ်ဟုမိန့်ဆိုသည်မှာ ပို့အပ်မည့်သူ့ကိုသိတော်မူသောကြောင့်တည်း။ Judson Bible ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိကို မည်သူအပ်နှံမည်ကိုသိတော်မူသောကြောင့်“သင်တို့အားလုံးစင်ကြယ်သည်မဟုတ်”ဟု မိန့်တော်မူခြင်းဖြစ်၏။ မြန်မာ ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။ |
သင်တို့အားလုံးကို ရည်ညွှန်း၍ ငါပြောသည်မဟုတ်။ ငါရွေးချယ်ထားသောသူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါနှင့်အတူ လက်ဆုံစားသောသူသည် ငါ့ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာရမည်။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
ဤအကြောင်းအရာများကို ပြောဆိုပြီးနောက် ယေရှုသည် အလွန်စိတ်ပူပန်တော်မူလျက် “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “ဤမုန့်တစ်ဖဲ့ကို ပန်းကန်တွင် ငါနှစ်၍ ပေးမည့်သူသည် ထိုသူဖြစ်သည်” ဟု ဖြေတော်မူ၏။ ထို့နောက် ယေရှုသည် မုန့်တစ်ဖဲ့ကို ပန်းကန်တွင် နှစ်၍ ရှိမုန်ရှကာရုတ်၏သား ယုဒအား ပေးတော်မူ၏။
အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
ယေရှုသည် မိမိကြုံတွေ့ရမည့် အရာအားလုံးကို သိနှင့်ပြီးဖြစ်သောကြောင့် ရှေ့သို့ကြွလာ၍ “မည်သူ့ကို ရှာကြသနည်း” ဟု ထိုသူတို့ကို မေးတော်မူ၏။
ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။