သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ရှင်ယောဟန် 12:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူအပေါင်းတို့ကို ငါ့ထံသို့ ဆွဲခေါ်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်မြေမှမြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကိုငါထံသို့ဆွဲဆောင်မည်'' ဟု မိန့်တော်မူ၏။- Garrad Bible ငါသည် မြေပေါ်ကမြှောက်ထားခံရသော် လူခပ်သိမ်းကိုငါ့ထံသွေးဆောင်မည်ဟု မိန့်တော်မူ၏။ Judson Bible ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကို ငါ့ထံသို့ဆွဲငင်မည်”ဟု မိန့်တော်မူ၏။ မြန်မာ ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။- |
သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ထိုအခါ လူထုက “ခရစ်တော်သည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
ဤသည်မှာ မိမိမည်သို့အသေခံရမည်ကို ကြိုတင်ဟောခဲ့သော ယေရှု၏စကားတော်အတိုင်း ဖြစ်ပျက်လာခြင်းဖြစ်၏။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း၍ ဦးခေါင်းခွံဟု ခေါ်ဆိုသောအရပ်သို့ ကြွတော်မူ၏။ ထိုအရပ်ကို ဟေဗြဲဘာသာဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။
မောရှေသည် တောကန္တာရ၌ ကြေးမြွေရုပ်ကို တိုင်ထိပ်တွင် မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။
ငါ့ကို စေလွှတ်တော်မူသောခမည်းတော် ဆွဲခေါ်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်။ ငါ့ထံသို့ လာသောသူကို နောက်ဆုံးသောနေ့တွင် သေရာမှ ငါထမြောက်စေမည်။
ထို့ကြောင့် ယေရှုက “သင်တို့သည် လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထားသောအချိန်၌ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်ညွှန်ကြားတော်မူသည့်အတိုင်း ဟောပြောသည်ကိုလည်းကောင်း သိကြလိမ့်မည်။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
ယေရှုခရစ်တော်သည် လူသားအားလုံးကို ရွေးနုတ်ရန် အသက်ပေးတော်မူခဲ့ပြီး ဘုရားသခင်သည် ထိုအကြောင်းကို အချိန်တန်သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း အပြစ်ဖြေရာယဇ်ဖြစ်တော်မူ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။