ထို့ကြောင့် သင်၏ လက်ယာမျက်စိသည် ထိုတဏှာစိတ်ကို ဖြစ်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ ခန္ဓာတစ်ခုလုံး ငရဲသို့ ချခံရခြင်းထက် အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် ပို၍ ကောင်း၏။
ရှင်ယောဟန် 11:50 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်မျိုးသားလုံး သေကျေပျက်စီးခြင်းထက် လူထုကိုယ်စား လူတစ်ဦးတစ်ယောက် အသေခံခြင်းသည် ပို၍ကောင်းသည်ကို သင်တို့မသိကြသလော” ဟု ဆို၏။ Common Language Bible ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။- Garrad Bible တစ်မျိုးလုံးမပျက်ရဘဲ လူမျိုးတော်အတွက် လူတစ်ယောက်အသေခံလျှင် သင့်လျော်သည်ကိုမစဉ်းစားကြဟု ဆို၏။ Judson Bible ယုဒလူမျိုးအကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။ မြန်မာ ယုဒလူမျိုးအကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။- |
ထို့ကြောင့် သင်၏ လက်ယာမျက်စိသည် ထိုတဏှာစိတ်ကို ဖြစ်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ ခန္ဓာတစ်ခုလုံး ငရဲသို့ ချခံရခြင်းထက် အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် ပို၍ ကောင်း၏။
ယေရှုက “ကျမ်းစာတော်တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူမည်။
ဤသို့ ခွင့်ပြုထားလျှင် လူအပေါင်းတို့သည် သူ့ကို ယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမတပ်သည် လာ၍ ငါတို့၏ဗိမာန်တော်နှင့် ငါတို့တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်ကြလိမ့်မည်” ဟု ပြောဆိုကြ၏။
ထိုကယာဖမှာ “လူထုကိုယ်စား လူတစ်ဦးတစ်ယောက်အသေခံခြင်းသည် ပို၍ကောင်းသည်” ဟူ၍ အခြားဂျူးခေါင်းဆောင်များကို အကြံပေးခဲ့သူဖြစ်၏။
ထိုအခါ ပိလတ်မင်းသည် ယေရှုကို လွှတ်ပေးရန် နည်းလမ်းရှာကြံလေ၏။ သို့သော် ဂျူးခေါင်းဆောင်များက “ထိုသူကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဘုရင်၏မိတ်ဆွေ မဟုတ်ပါ။ မိမိကိုယ်ကိုယ် ဘုရင်ဖြစ်သည်ဟူ၍ ကြေညာသောသူသည် ဆီဇာဘုရင်ကို ပုန်ကန်သူဖြစ်ပါ၏” ဟု အော်ဟစ်၍ ပြောဆိုကြ၏။
ထို့ပြင် “ကောင်းကျိုးဖြစ်လာစေရန် မကောင်းမှုကို ပြုကြစို့” ဟု ဆို၍ မရနိုင်သလော။ လူတချို့သည် ထိုသို့ ကျွန်ုပ်တို့ပြောဆိုသည်ဟူ၍ ဆိုလျက် ကျွန်ုပ်တို့ကို အသရေဖျက်ကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။