ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
ရှင်ယောဟန် 11:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကြွလာတော်မူကြောင်း မာသသည် ကြားသောအခါ ထွက်၍ ဆီးကြိုလေ၏။ မာရိမှာမူ အိမ်၌ နေရစ်ခဲ့၏။ Common Language Bible မာသသည်သခင်ယေရှုကြွလာတော်မူ ကြောင်းကိုကြားလျှင် ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကားအိမ်တွင်ထိုင် လျက်နေရစ်၏။- Garrad Bible မာသသည် ယေရှုရောက်တော်မူကြောင်းကြားသော် အိမ့်အတွင်းမာရိထိုင်နေစဉ် ခရီးဦးကြိုဆိုလျက်၊ Judson Bible ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှာ သွား၏။- မြန်မာ့စံမီသမ္မာကျမ်း မာသသည် ယေရှုကြွလာတော်မူကြောင်းကိုကြားသောအခါ ကိုယ်တော်ကိုဆီးကြိုလေ၏။ မာရိမူကား အိမ်၌ ထိုင်လျက်နေ၏။ မြန်မာ ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှာ သွား၏။- |
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
သန်းခေါင်ယံအချိန်၌ ‘သတို့သား ရောက်လာပြီ။ သူ့အား ထွက်၍ ကြိုဆိုကြလော့’ ဟူသော အော်ဟစ်သံကို ကြားကြသောအခါ
ယေရှုသည် ရွာထဲသို့ ကြွတော်မမူသေးဘဲ မာသလာရောက်ကြိုဆိုသောအရပ်၌ပင် ရှိတော်မူ၏။
ပေတရုရောက်လာသောအခါ ကော်နေလိသည် ကြိုဆို၍ သူ၏ခြေရင်း၌ ဝပ်တွားခယလျက် ရှိခိုးလေ၏။
ရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ်တို့ရောက်လာမည့်အကြောင်းကိုကြားသဖြင့် တချို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ တချို့သည် ဧည့်ရိပ်သာသုံးဆောင်ဟု ခေါ်သောအရပ်တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည် ထိုသူတို့ကို တွေ့မြင်သောအခါ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အားတက်လေ၏။
ထို့နောက် သူတို့နှင့်အတူ အသက်ရှင်ကျန်ရစ်သည့် ကျွန်ုပ်တို့သည် အာကာသကောင်းကင်တွင် သခင်ဘုရားနှင့် တွေ့ဆုံရန် မိုးတိမ်ပေါ်သို့ ယူဆောင်ခြင်းခံရမည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် သခင်ဘုရားနှင့် ထာဝရအတူ နေကြရလိမ့်မည်။