Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 မာသ​သည် ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို​ကြား​သောအခါ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ မာရိ​မူကား အိမ်​၌ ထိုင်​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 မာ​သ​သည်​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ ကြောင်း​ကို​ကြား​လျှင် ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​သွား​၏။ မာ​ရိ​မူ​ကား​အိမ်​တွင်​ထိုင် လျက်​နေ​ရစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 မာသသည် ယေရှုရောက်တော်မူကြောင်းကြားသော် အိမ့်အတွင်းမာရိထိုင်နေစဉ် ခရီးဦးကြိုဆိုလျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို မာ​သ​သည်​ကြား​လျှင်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ယေရှု​ကြွလာတော်မူကြောင်း မာသ​သည် ကြား​သောအခါ ထွက်​၍ ဆီးကြိုလေ၏။ မာရိ​မှာမူ အိမ်​၌ နေရစ်ခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို မာ​သ​သည်​ကြား​လျှင်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:20
7 ပူးပေါင်းရင်းမြစ်များ  

ထို​ကာလ​၌ ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​တို့​မီးခွက်​များ​ကို​ယူဆောင်​လျက် သတို့သား​ကို​ကြိုဆို​ရန် ထွက်သွား​သည့် အပျို​ကညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်မည်။


ည​သန်းခေါင်​၌ ‘ကြည့်ရှု​လော့။ သတို့သား​ရောက်လာ​ပြီ။ သူ့​ကို​ကြိုဆို​ရန် ထွက်​ခဲ့​ကြ​လော့’​ဟူသော​အော်ဟစ်​သံ​ထွက်ပေါ်​လာ​ရာ


ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။


ပေတရု​ဝင်​လာ​သောအခါ ကော်နေလိ​သည် သူ့​ကို​ကြိုဆို​၍ သူ​၏​ခြေရင်း​၌​ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏။


ငါ​တို့​အကြောင်း​ကို​ကြား​သော ညီအစ်ကို​တို့​သည် ငါ​တို့​နှင့်​တွေ့ဆုံ​ရန် ရောမ​မြို့​မှ အပ္ပိ​အရပ်​နှင့် ဧည့်ရိပ်သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အရပ်​တိုင်အောင် လာ​ကြ​၏။ ပေါလု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘုရားသခင်​ကို​ကျေးဇူးတင်​လျက် အားတက်​လာ​လေ​၏။


ထို့နောက် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရား​နှင့်​တွေ့ဆုံ​ရန် ထို​သူ​တို့​နှင့်​အတူ မိုးတိမ်​အားဖြင့် ချီဆောင်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် ငါ​တို့​သည် သခင်​ဘုရား​နှင့်အတူ အစဉ်အမြဲ​နေ​ရ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ