“အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ရှင်ယောဟန် 10:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့သည် ယေရှုထံတော်သို့ စုဝေးလာ၍ “သင်သည် မည်မျှကြာသည်အထိ ငါတို့ကို ဝေခွဲဆုံးဖြတ်ရခက်စေမည်နည်း။ အကယ်၍ သင်သည် ခရစ်တော်မှန်လျှင် ငါတို့ကို အတိအလင်းပြောပါ” ဟု ဆိုကြ၏။ Common Language Bible ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။ Garrad Bible ယုဒလူမျိုးတို့ဝိုင်းလာ၍ ငါတို့၌မည်မျှကြာစိတ်ဒွိဟဖြစ်ကြစေမည်နည်း။ သင်သည်ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြသော်၊ Judson Bible ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် “သင်သည် အကျွန်ုပ်တို့၏စိတ်ကို မည်မျှကြာအောင် ဒွိဟဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်မှန်လျှင် အကျွန်ုပ်တို့အား အတိအလင်းပြောပါ”ဟု ဆိုကြ၏။ မြန်မာ ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။- |
“အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ထိုသို့ ပွင့်လင်းစွာ ဖော်ပြတော်မူသောအခါ ပေတရုသည် ကိုယ်တော်အား သီးခြားခေါ်၍ အပြစ်တင်သောစကားကို လျှောက်လေ၏။
လူတို့သည် ခရစ်တော် အမြန်ကြွလာမည်ဟု စောင့်မျှော်နေကြသဖြင့် ယောဟန်သည် ခရစ်တော်ပင်ဖြစ်လေသလောဟု စိတ်ထဲ၌တွေးတောနေကြ၏။
ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
ဂျူးတို့က “ကောင်းသောအမှုကို သင်ပြုသောကြောင့် သင့်ကို ခဲနှင့် ပေါက်သတ်မည်မဟုတ်။ သင်သည် သာမန်လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားသခင်အဖြစ် ကြွေးကြော်၍ ဘုရားသခင်ကို စော်ကားသောကြောင့် ခဲနှင့်ပေါက်သတ်မည်” ဟု ဆိုကြ၏။
ဤအကြောင်းအရာများကို ပုံဆောင်တင်စား၍ ငါဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်တင်စားရန် မလိုဘဲ ခမည်းတော်၏အကြောင်းမှန်သမျှကို ရှင်းလင်းစွာ ငါဖော်ပြမည့်အချိန် ရောက်လာလိမ့်မည်။
ထိုအခါ သူတို့က “သင်သည် မည်သူနည်း” ဟု မေးကြ၏။ ယေရှုက “ငါမည်သူဖြစ်ကြောင်းကို သင်တို့ကို အစဦးကပင် ပြောခဲ့ပြီ။
သင်သည် ငါတို့၏ဖခင်ကြီး အာဗြဟံထက် ပို၍ ကြီးမြတ်သလော။ သူသည် ကွယ်လွန်ခဲ့ပြီ။ ပရောဖက်တို့သည်လည်း ကွယ်လွန်ကြပြီ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မည်သူဟု ထင်မှတ်သနည်း” ဟု ပြောဆိုကြ၏။
ဤသို့ ဖြေရခြင်းမှာ သူတို့သည် ဂျူးလူမျိုးခေါင်းဆောင်တို့ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏။ ဂျူးလူမျိုးခေါင်းဆောင်တို့က ယေရှုကို ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူကို ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ဟု ကြေညာထားကြ၏။