Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 8:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ထိုသို့ ပွင့်လင်း​စွာ ဖော်ပြတော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​အား သီးခြား​ခေါ်​၍ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ပေ တ ရု သည် ကိုယ် တော် ကို ပင့် ခေါ် လျက် ဆုံး မ မည် ပြု သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ကိုယ်တော်​သည် ထို​အကြောင်းအရာ​ကို အတိအလင်း​မိန့်​တော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 8:32
9 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ပေတရု​သည် ယေရှု​အား သီးခြား​ခေါ်​၍ “သခင်… ထိုသို့​မဖြစ်ပါစေနှင့်။ ဤ​အဖြစ်​သည် သခင့်​ထံ၌ လုံးဝ​မကျရောက်စေရ” ဟု ဆို​ကာ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။


ယေရှု​သည် လှေ​ပဲ့ပိုင်း​တွင် ခေါင်းအုံး​အုံး​လျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့​သည် ကိုယ်တော်​အား နှိုးပြီး​လျှင် “ဆရာတော်… အကျွန်ုပ်တို့​ရေနစ်​သေရတော့မည်​ကို ဂရုမစိုက်ဘဲ​နေတော်မူသလော” ဟု အော်ဟစ်​၍ လျှောက်ကြ၏။


သို့သော် မာသ​သည် ညစာ​ဧည့်ခံခြင်း​အမှုများ​ကြောင့် အလွန်​စိတ်ပူပန်​၍ ယေရှု​အနား​သို့ ချဉ်းကပ်​လျက် “သခင်… ကျွန်မ​၏​ညီမ​သည် ဧည့်ဝတ်ပြု​ရန် ကျွန်မ​ကိုသာ ပစ်ထားခဲ့သည်​ကို လျစ်လျူရှုတော်မူပါသလော။ ကျွန်မ​အား ကူညီပေး​ရန် မိန့်တော်မူပါ” ဟု လျှောက်လေ၏။


ဂျူးလူမျိုးတို့​သည် ယေရှု​ထံတော်သို့ စုဝေးလာ​၍ “သင်​သည် မည်မျှ​ကြာသည်​အထိ ငါတို့​ကို ဝေခွဲဆုံးဖြတ်ရ​ခက်စေမည်နည်း။ အကယ်၍ သင်​သည် ခရစ်တော်​မှန်​လျှင် ငါတို့​ကို အတိအလင်း​ပြောပါ” ဟု ဆိုကြ၏။


ထို့ကြောင့် ယေရှု​က “လာဇရု​သေဆုံးပြီ။


ဤ​အကြောင်းအရာများ​ကို ပုံဆောင်​တင်စား​၍ ငါ​ဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်​တင်စား​ရန် မလိုဘဲ ခမည်းတော်​၏​အကြောင်း​မှန်သမျှ​ကို ရှင်းလင်း​စွာ ငါ​ဖော်ပြမည့်​အချိန် ရောက်လာ​လိမ့်မည်။


ထိုအခါ တပည့်တော်တို့​က “ကိုယ်တော်​သည် ယခု​တွင် ပုံဥပမာ​မဆောင်ဘဲ ရှင်းလင်း​စွာ မိန့်တော်မူ၏။


ယေရှု​က “ငါ​သည် ဤ​လောက​တွင် လူသိရှင်ကြား​ဟောပြောခဲ့ပြီ။ လူအပေါင်းတို့​သည် ငါ​သွန်သင်​သမျှ​ကို သိကြ၏။ ငါ​သည် ဂျူး​လူမျိုးတို့​စုဝေးရာ​ဖြစ်သော ဝတ်ပြုဆောင်များ​နှင့် ဗိမာန်တော်​၌ အစဉ်အမြဲ​ဟောပြော​သွန်သင်ခဲ့၏။ မည်သည့်​အရာကို​မျှ လျှို့ဝှက်စွာ​မဟောပြောခဲ့ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ