ရှင်ယောဟန် 1:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလိပ္ပုသည် ဗက်ဇဲဒမြို့သားဖြစ်၏။ ထိုဗက်ဇဲဒမြို့သည် အန္ဒြေနှင့် ပေတရုတို့၏ ဇာတိမြို့လည်းဖြစ်၏။ Common Language Bible (ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)- Garrad Bible ဖိလိပ္ပုကား အန္ဒြေနှင့်ပေတရုတို့နေထိုင်ရာ ဗက်ဇဲဒမြို့သားတည်း။ Judson Bible ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဖွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုသည် အန္ဒြေနှင့်ပေတရုတို့၏ဇာတိမြို့ဖြစ်သော ဗက်ဇဲဒမြို့မှလာသောသူဖြစ်၏။ မြန်မာ ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဖွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။- |
ယေရှုက “အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏ အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်၊
ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို ပြန်လွှတ်တော်မူစဉ် တပည့်တော်တို့ကိုလည်း လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်၌ ရှိသော ဗက်ဇဲဒမြို့သို့ သွားနှင့်စေတော်မူ၏။
ယေရှုနှင့် တပည့်တော်တို့သည် ဗက်ဇဲဒမြို့သို့ ရောက်ကြ၏။ ထိုအခါ လူတချို့သည် မျက်မမြင်တစ်ဦးကို ယေရှုထံတော်သို့ ခေါ်ဆောင်ခဲ့ပြီးလျှင် လက်တော်နှင့် တို့ထိ၍ မျက်စိပြန်မြင်စေရန် တောင်းပန်ကြ၏။
အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။
ပေတရုဟု ယေရှုမှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု၏ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊
တမန်တော်တို့သည် ပြန်လာ၍ မိမိတို့လုပ်ဆောင်ခဲ့သမျှကို ပြန်၍ လျှောက်ကြ၏။ ထို့နောက် ယေရှုသည် သူတို့ကို ခေါ်၍ ဗက်ဇဲဒမြို့သို့ တိတ်တဆိတ် ကြွတော်မူ၏။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲပြည်သို့ ကြွရန် ဆုံးဖြတ်တော်မူ၏။ ထိုအခါ ဖိလိပ္ပုကို တွေ့တော်မူသဖြင့် ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရေးသားဖော်ပြထားသောသူကို ငါတို့တွေ့ပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့တွင် နေထိုင်သောယေရှုဖြစ်၏” ဟု ပြော၏။
နာသနေလက “နာဇရက်မြို့မှ ကောင်းသောအရာတစ်စုံတစ်ခု ထွက်ပေါ်နိုင်မည်လော” ဟု ဆိုသဖြင့် ဖိလိပ္ပုက “လာ၍ကြည့်ပါ” ဟု ဆိုလေ၏။
နာသနေလက “အရှင်သည်အကျွန်ုပ်ကို မည်သို့သိတော်မူသနည်း” ဟု မေးလျှောက်လေ၏။ ယေရှုကလည်း “သင့်ကို ဖိလိပ္ပု မခေါ်မီ သင်သည် သဖန်းပင်အောက်၌ ရှိနေစဉ် သင့်ကို ငါမြင်၏” ဟု ပြန်၍မိန့်တော်မူ၏။
ထိုသူတို့သည် ဂါလိလဲပြည်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံသို့ သွား၍ “ဆရာ… ကျွန်ုပ်တို့သည် ယေရှုကို တွေ့လိုပါသည်” ဟု တောင်းဆိုကြ၏။
ဖိလိပ္ပုသည် ထိုအကြောင်းကို အန္ဒြေအား သွား၍ ပြောပြ၏။ ထို့နောက် သူတို့နှစ်ဦးသည် ယေရှုထံတော်သို့ သွား၍ လျှောက်ကြ၏။
ယေရှုသည် မျှော်ကြည့်သောအခါ မိမိထံသို့ လူအုပ်ကြီးလာနေသည်ကို မြင်တော်မူ၏။ ထိုအခါ ဖိလိပ္ပုအား “ဤလူတို့ စားရန် စားစရာကို မည်သည့်နေရာမှ ရနိုင်မည်နည်း” ဟု မေးတော်မူ၏။
ဖိလိပ္ပုက “ငွေဒင်္ဂါးပြားနှစ်ရာဖိုးရှိသော စားစရာကို ဝယ်၍ လူတိုင်းကို အနည်းငယ်စီ ကျွေးလျှင်ပင် လုံလောက်မည်မဟုတ်ပါ” ဟု လျှောက်၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။