Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 10:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 အို ခေါရာဇိန်မြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ အို ဗက်ဇဲဒမြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ ငါ​သည် သင်တို့​တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တွင် ပြခဲ့​လျှင် ထို​မြို့တို့​၌ ရှိသော​သူတို့​သည် လျှော်ထည်ကြမ်း​ကို ဝတ်​၍ ပြာ​ထဲတွင် ထိုင်​လျက် ယခင်​ကတည်းက​ပင် မိမိတို့​၏​အပြစ်များ​အတွက် နောင်တရခဲ့ပြီး​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ပြု​ခဲ့​သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့ တို့​သည်​ရှေး​မ​ဆွ​က​ပင်​လျှော်​တေ​ကို​ဝတ်​၍ ပြာ ထဲ​မှာ​ထိုင်​လျက်​နောင်​တ​ရ​ပြီး​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အ ချင်း ခေါ ရာ ဇိန် မြို့၊ သင်၌ အ မင်္ဂ လာ ရှိ၏။ အ ချင်း ဗက် ဇဲ ဒ မြို့၊ သင်၌ အ မင်္ဂ လာ ရှိ၏။ အ သို့ ဆို သော် သင် တို့၌ ဖြစ် ဘူး သော အ မှု ကြီး များ သည် တု ရု နှင့် ဇိ ဒုန် မြို့ များ တွင် ဖြစ် ပျက် ခဲ့ လျှင် ရှေး အ ထက် က ပင် လျှော် တေ ဝတ်၍ ပြာ တွင် ထိုင် လျက် နောင် တ ရ ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ပြ​သော​တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင် ပြ​ဖူး​လျှင်၊ ထိုမြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​ထဲ​မှ​ထိုင်​လျက် နောင်​တ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​ကပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ၌​ထိုင်​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

13 အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ပြ​သော​တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင် ပြ​ဖူး​လျှင်၊ ထိုမြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​ထဲ​မှ​ထိုင်​လျက် နောင်​တ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 10:13
17 ပူးပေါင်းရင်းမြစ်များ  

ထို​အယူဝါဒ​ကို သွန်သင်သူများ​၏ အမှားအမှန်​ခွဲခြားသော အသိစိတ်​သည် သံပူ​နှင့်​ခတ်ခံရ​သကဲ့သို့ ထုံထိုင်းနေ၏။ သူတို့​သည် သူတော်ကောင်း​ယောင်ဆောင်သော လူလိမ်များ​ဖြစ်၏။


ငါ​သည် ငါ​၏​သက်သေခံ​နှစ်ပါး​ကို အခွင့်အာဏာ​ပေးမည်။ သူတို့​သည် လျှော်ထည်ကြမ်း​ကို​ဝတ်​၍ ရက်ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ် ပရောဖက်ပြု​ဟောပြောကြ​လိမ့်မည်” ဟုဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ