ယောဟန်က “ဆရာတော်… လူတစ်ဦးသည် သခင်၏အမည်နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်ကို အကျွန်ုပ်တို့မြင်တွေ့ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏ အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုတားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
ရှင်မာကု 9:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ထိုသူကို မတားကြနှင့်။ ငါ့နာမကို အမှီပြုလျက် အံ့ဖွယ်တန်ခိုးကို ပြပြီးနောက် မကြာမီအတွင်း ငါ့ကို ပုတ်ခတ်ပြောဆိုမည့်သူ တစ်ယောက်မျှမရှိ။ Common Language Bible သခင်ယေရှုက ``သူ့ကိုမတားမြစ်ကြနှင့်၊ ငါ ၏နာမကိုအမှီပြု၍အံ့ဖွယ်သောအမှုကိုပြု ပြီးနောက် ငါ့အားပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။- Garrad Bible ယေ ရှု က မ မြစ် တား ကြ နှင့်။ ငါ့ နာ မ အား ဖြင့် အ မှု ကြီး ကို ပြု ပြီး လျှင် ငါ့ ကို လျင် မြန် စွာ မ ကောင်း ပြော ဆို မည့် သူ မ ရှိ။ Judson Bible ယေရှုက၊ ထိုသူကို မမြစ်တားကြနှင့်။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူ တစ်ယောက်မျှမရှိ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုက“သူ့ကိုမတားမြစ်ကြနှင့်။ အကြောင်းမူကား ငါ၏နာမဖြင့် တန်ခိုးလက္ခဏာကိုပြုပြီးနောက် မကြာမီအတွင်း ငါ့ကိုပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ဦးမျှမရှိ။ မြန်မာ ယေရှုက၊ ထိုသူကို မမြစ်တားကြနှင့်။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူ တစ်ယောက်မျှမရှိ။- |
ယောဟန်က “ဆရာတော်… လူတစ်ဦးသည် သခင်၏အမည်နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်ကို အကျွန်ုပ်တို့မြင်တွေ့ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏ အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုတားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
ထို့ကြောင့် သင်တို့အား ကျွန်ုပ်သိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ယေရှုကို ကျိန်မည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် မည်သူကမျှ ယေရှုသည် သခင်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်။
သူတစ်ပါးကို ဟောပြောပြီးမှ မိမိကိုယ်တိုင်က အရည်အချင်းမပြည့်မီဘဲနေမည်ကို ကျွန်ုပ်စိုးရွံ့သောကြောင့် ကျွန်ုပ်သည် အားကစားသမားကဲ့သို့ မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ ထိန်းချုပ်၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ဟန်ဆောင်၍ပင် ဖြစ်စေ၊ ရိုးသား၍ပင် ဖြစ်စေ မည်သည့်နည်းဖြင့်မဆို ခရစ်တော်၏အကြောင်းကို ဟောပြောခြင်းဖြစ်သောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။ ဆက်၍လည်း ဝမ်းမြောက်နေဦးမည်။