တပည့်တော်များသည် လာ၍ “သခင်သည် လူတို့အား ဟောပြောရာတွင် အဘယ်ကြောင့် ပုံဥပမာများကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ရှင်မာကု 7:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် လူထုပရိသတ်ထံမှ ထွက်ကြွ၍ အိမ်တစ်အိမ်သို့ ဝင်တော်မူလျှင် တပည့်တော်တို့က ထိုဆိုရိုးစကား၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။ Common Language Bible ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။- Garrad Bible လူ ပ ရိ သတ် ရှိ ရာ မှ ထွက် ကြွ၍ အိမ် သို့ ဝင် ရောက် တော် မူ သော် ထို ဥ ပ မာ အ ကြောင်း တ ပည့် တော် တို့ မေး လျှောက် ကြ ရာ၊ Judson Bible လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။ မြန်မာ လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။- |
တပည့်တော်များသည် လာ၍ “သခင်သည် လူတို့အား ဟောပြောရာတွင် အဘယ်ကြောင့် ပုံဥပမာများကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ထို့နောက် ယေရှုသည် လူထုကို အပြင်၌ထားခဲ့၍ အိမ်ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့က “လယ်၌ရှိသော ပေါင်းပင်များပုံဥပမာကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုက “ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါဟူသည့် ပုံဥပမာစကားကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။
ရက်အနည်းငယ် ကြာပြီးနောက် ယေရှုသည် ကပေရနောင်မြို့သို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်သို့ ကိုယ်တော်ရောက်ရှိနေတော်မူသည့်သတင်းသည် ပျံ့နှံ့လေ၏။
ထို့နောက် ယေရှုသည် အိမ်သို့ ဝင်တော်မူလျှင် လူထုပရိသတ်တို့သည် ထပ်မံစုဝေးလာကြ၏။ ထို့ကြောင့် ကိုယ်တော်နှင့် တပည့်တော်တို့သည် အစာစားချိန်ပင် မရကြပေ။
လူထုပရိသတ်ရှင်းချိန်၌ တပည့်တော်ဆယ့်နှစ်ပါးနှင့်တကွ ကိုယ်တော့်အနားတွင် ဝန်းရံကြသောသူတို့က ပုံဥပမာများ၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။
ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ လူ့အတွင်းသို့ ဝင်သမျှသောအစာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့မသိကြသလော။
ထို့နောက် ယေရှုသည် အိမ်ထဲသို့ ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။