Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 7:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကိုယ်တော်​သည် လူထု​ပရိသတ်​ထံမှ​ထွက်ခွာ​၍ အိမ်​ထဲသို့​ဝင်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​အကြောင်း​ကို ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကိုယ်​တော်​သည်​ပ​ရိ​သတ်​ရှိ​ရာ​မှ​ကြွ​၍​အိမ်​ထဲ သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည့်​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လူ ပ ရိ သတ် ရှိ ရာ မှ ထွက် ကြွ၍ အိမ် သို့ ဝင် ရောက် တော် မူ သော် ထို ဥ ပ မာ အ ကြောင်း တ ပည့် တော် တို့ မေး လျှောက် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လူ​အ​စု​အ​ဝေး​ရှိ​ရာ​မှ ကြွ၍ အိမ်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကိုယ်တော်​သည် လူထု​ပရိသတ်​ထံမှ ထွက်ကြွ​၍ အိမ်တစ်အိမ်​သို့ ဝင်တော်မူ​လျှင် တပည့်တော်တို့​က ထို​ဆိုရိုးစကား​၏ အဓိပ္ပာယ်​ကို မေးလျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 လူ​အ​စု​အ​ဝေး​ရှိ​ရာ​မှ ကြွ၍ အိမ်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 7:17
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ “ကိုယ်တော်​သည် အဘယ်ကြောင့် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။


ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​ထားခဲ့​၍ အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “စိုက်ခင်း​ထဲမှ မြက်သီး​ပင်​များ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။


ထိုအခါ ပေတရု​က “ထို​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​လျှင်


ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍


ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​သဖြင့် သူ​တို့​သည် အစာ​ကို​ပင်​မ​သုံးဆောင်​နိုင်​ကြ​ပေ။


ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​သောအခါ ကိုယ်တော်​၏​နောက်လိုက်​နောက်ပါ​တို့​နှင့် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​များ​အကြောင်း​ကို မေးလျှောက်​ကြ​၏။


ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။


ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ကိုယ်တော်​က“သင်​တို့​သည်​လည်း ဤမျှလောက် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။ ပြင်ပ​မှ လူ့​အထဲသို့​ဝင်​သမျှ​သော​အရာ​သည် လူ​ကို​မ​ညစ်ညူး​စေ​နိုင်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။


ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​က “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု တိတ်တဆိတ်​မေးလျှောက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ